Main menu

Background

ပဲလွန်းဖြူလက်ကျန်နည်းလာလို့ တင်ပို့မှုရော အရောင်းအဝယ်ဖြစ်မှုပါ နည်းလာ

Tue, 09/27/2011 - 07:52 -- Anonymous (not verified)

ပဲလွန်းဖြူလက်ကျန်နည်းလာလို့ တင်ပို့မှုရော အရောင်းအဝယ်ဖြစ်မှုပါ နည်းလာ              လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူပြည်ပတင်ပို့မှုဟာ ယခင် သီတင်းပတ်က တန်ချိန် ၁၇၅ ကျော်ခဲ့ ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၅၀ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ အလားတူ ရန်ကုန် FOB အရောင်း အဝယ်ဖြစ်မှုကလည်း ယခင်သီတင်း ပတ်ကတန်ချိန် ၁၃၇ ရှိခဲ့ရာမှ စက်တင် ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ တစ်ပတ် အတွင်းတန် ၉၀ ခန့်သာအရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လိုအားရှိပေမဲ့ လက်ကျန် နည်းသွားလို့ အရောင်းအဝယ် ဖြစ်မှု နည်းပြီး ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်သီတင်း ပတ်အတိုင်း စက်တင်ဘာ ၂၃ ရက်မှာ လည်း FAQတစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့၊ SQ တစ်တန် ကန်ဒေါ် လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါ တယ်။ MIRT- MAPT