Main menu

Background

ရှမ်းပဲစင်းငုံဈေးတက် အရောင်းသွက်

Tue, 09/27/2011 - 07:54 -- Anonymous (not verified)

ရှမ်းပဲစင်းငုံဈေးတက် အရောင်းသွက်                  ပြီးခဲ့တဲ့လတွေက အကျဈေးနဲ့သာ ထုတ်ရောင်းနေရတဲ့ ရှမ်းပဲစင်းငုံက စက် တင်ဘာလမှာ ဈေးနည်းနည်း တက်လာပြီး အရောင်းလည်းသွက်လာပါတယ်။ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ်လာတာကြောင့် လက်ကျန်ပဲတွေ ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ သြဂုတ်လမှာ ပဲစင်းငုံ(နီ-သေး)တစ်ပိဿာ ၅၈၀ ကျပ်၊ပဲစင်းငုံ(နီ-ကြီး) ၃၈၀ ကျပ်၊ ပဲစင်းငုံ (ဖြူ-ကြီး) ၃၈၀ ကျပ်ဈေးနဲ့သာ တစ်လလုံး ဈေးငြိမ်နေခဲ့ပါတယ်။ စက်တင်ဘာလ ပထမပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ငုံ-နီ(သေး)က ၆၄၀ ကျပ်နဲ့ ငုံ(ဖြူ-ကြီး) ၄၃၀ ကျပ်ဈေးဖြစ်လာပါတယ်။ ပြောင်း (သစ်)တွေပေါ်လာပြီဖြစ်လို့ လှောင်လက်တွေကလည်း ပြောင်းတွေကို ဝယ်လှောင်ချင်လာတာကြောင့် ဈေးနည်းနည်းတက်လာချိန်မှာ ထုတ်ရောင်းနေကြပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ကုန်သလောက်ဖြစ်သွားပြီး၊ ရပ်စောက်၊ တောင်နီ၊ တောင်ကြီး မှာတော့ ကျန်နေသေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပဲစင်းငုံ(နီသေး) တစ်ပိဿာ ၇၆၅ ကျပ်၊ (နီ-ကြီး) ၆၅၀ ကျပ်၊ (ဖြူ-ကြီး) ၅၀၀ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ် အတွင်း ပိဿာချိန်ပေါင်း ခုနှစ်သောင်းသုံးထောင်ခန့် စီးဆင်းသွားတယ်လို့ ဒေသခံ ကုန်သည်တွေမှ သိရှိရပါတယ်။ ဧဧခိုင်