Main menu

Background

ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ

Tue, 09/27/2011 - 08:00 -- Anonymous (not verified)

ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ                    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက် ပဲစင်းငုံ အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က ပဲစင်းငုံ တန်ချိန် ၆၃၀၀ ကျော် ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ခဲ့ပြီး ယခုတစ်ပတ် (စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာလည်း တန်ချိန် ၆၁၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ၂၂ ရက်နေ့အထိ ပဲစင်းငုံ ပြည်ပ အရောင်း အဝယ်ဖြစ်မှုဟာ တန်ချိန် နှစ်သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ အခြားပဲဈေးတွေ မြင့်တက်သလို ပဲစင်းငုံကိုလည်း အိန္ဒိယအဝယ် ပြန်ဖြစ်လာလို့ ဈေးတက်ခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ် နှောင်း ပိုင်းမှာတော့ အရောင်းအဝယ်ပြန်အေးပြီး ဈေးအနည်းငယ် လျော့လာပါတယ်။ ဒါပေမဲ့ ယခင်တစ်ပတ် ရန်ကုန် FOBဈေးထက် ပိုနေသေးတာ တွေ့ရပါတယ်။                  ပဲစင်းငုံနီ           ဖြူနီ        ငုံနီ(အဟောင်း)၂၃-၉-၁၁    ၆၃၅-၆၅၅      ၅၁၅-၅၃၅        ၆၂၅-၆၄၅၁၆-၉-၁၁      ၆၀၀-၆၂၀     ၄၈၀-၅၀၀       ၅၉၀-၆၀၀MIRT(MAPT)