ယခင်သီတင်းပတ်ထက် မတ်ပဲတင်ပို့မှုလျော့ ယခင်သီတင်းပတ်က မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် နှစ်သောင်းကျော် ထိမြင့်တက်ခဲ့ရာမှ ယခုတစ်ပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာ တော့ တန်ချိန် ၁၈၀၀၀ ခန့်သာ တင်ပို့မှုရှိလို့ အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။ ကုန်သည်ကြီးများရဲ့ ပြောကြားချက်အရ သင်္ဘောအခက် အခဲရှိခြင်းနဲ့ ကွန်တိန်နာငှားရမ်းခများ ဈေးကြီးခြင်းတို့ကြောင့် တင်ပို့မှု လျော့ကျခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း စက်တင်ဘာ ၁၆ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၃၆၀၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တင်ပို့မှုတန်ချိန် ၂၅၀၀၀၀ ခန့်နဲ့ ယှဉ်ရင် တန်တစ်သိန်းကျော် ပိုတင်နိုင်တာ တွေ့ရပါတယ်။ ကွန်တိန်နာအခက်အခဲဆက်ရှိနေမယ်ဆိုရင် လာမယ့် သီတင်းပတ် မှာလည်း တင်ပို့မှု လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
Background