ပစ္စည်းလက်ကျန်လျော့လို့ မုံရွာမတ်ပဲဈေးမော့လာ မုံရွာဒေသဝန်းကျင်က ယာသမားတွေအနေနဲ့ မတ်ပဲအစိုက်နည်းကြလို့ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်ထဲ ပစ္စည်းလက်ကျန်လျော့လာတဲ့အတွက် စက်တင်ဘာ တတိယပတ်မှာ မတ်ပဲဈေးမော့လာခဲ့ပါတယ်။ ဒေသမျိုးတွေ သာ အစိုက်များခဲ့လို့ Export အရည်အသွေးမမီသလို ပဲအထွက်လည်းနည်းလို့ ဒေသတွင်းစက်သမား အဆွဲနဲ့သာ မျှတရုံလောက်ရှိတာတွေ့ရပါတယ်။ ဈေးကွက်အနေနဲ့ သြဂုတ်လထဲမှ တစ်တင်း ၁၆၃၀၀ ကျပ်သာ အမြင့်ဆုံးဈေး ရခဲ့ပြီး စက်တင်ဘာလပတ်မှာတော့ တစ်တင်း ၂၀၅၀၀ ကျပ်ထိ ဈေးမြောက်လာခဲ့ပါတယ်။ မုံရွာမြို့ပေါ်ရှိ အကြော်ဖိုတွေအတွက် မတ်ပဲအနှစ်ကြိတ်ခွဲလုပ်ငန်းတွေ တွင်ကျယ်လျက်ရှိပြီး၊ ပဲလက်လီ အဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ နယ်စီးဆင်းမှုအနေနဲ့ ယခုတစ်ပတ်ထဲမှာ မန္တလေးကို တင်း ၆၀၀ သာ စီးထွက်ခဲ့တာ တွေ့ရပါတယ်။ ထွန်းလှိုင်
Background