အိန္ဒိယမှ ဆန်တင်ပို့မှု ခွင့်ပြုလိုက်သည့်အပြင် ဘင်္ဂလားဒေ့ရှ် ဆန်ဝယ်လိုအား လျှော့ချခန့်မှန်း၍ အာရှဆန်ဈေး ပြန်လည်အားနည်းလာ
အိန္ဒိယမှ ဆန်တင်ပို့မှု ခွင့်ပြုလိုက်သည့်အပြင် ဘင်္ဂလားဒေ့ရှ် ဆန်ဝယ်လိုအား လျှော့ချခန့်မှန်း၍ အာရှဆန်ဈေး ပြန်လည်အားနည်းလာ စက်တင်ဘာလ ၇ ရက်နေ့က တစ်တန်ကို (FOB နှုန်း) ၆၂၀ ဒေါ်လာအထိ ရောက်ရှိမြင့်မားခဲ့တဲ့ ထိုင်းဆန်ဖြူ ၁၀၀ ရာခိုင်နှုန်း (B) အမျိုးအစားက စက်တင်ဘာလ ၁၃ ရက်နေ့မှစပြီး တဖြည်းဖြည်း ကျဆင်းသွားခဲ့ ရာ စက်တင်ဘာလ ၁၅ ရက်နေ့မှာတစ်တန်ကို ၅၇၅ ဒေါ်လာအထိ ၈ ရက်အတွင်း ၄၅ ဒေါ်လာ ဈေးကျ သွားတယ်။ ထိုင်းဆန်ဈေးကျကာ ဗီယက်နမ်နဲ့ ပါကစ္စတန်ဆန်ဈေးနှုန်းတွေပါ ယခင်အပတ်ဈေးနှုန်း အောက် ကျဆင်းသွားပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့က တစ်တန်ကို (FOB နှုန်း) ၅၆၅ ဒေါ်လာ ၊ ၅၀၅ ဒေါ်လာနဲ့ ၄၇၅ ဒေါ်လာစီ အသီးသီးရှိနေတဲ့ ထိုင်း ၊ ဗီယက်နမ်နဲ့ ပါကစ္စတန် ဆန်ဖြူ ၂၅ ရာခိုင်နှုန်းအမျိုးအစား ဆန်ဈေးနှုန်း တွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ တစ်တန်ကို ၅၃၅ ဒေါ်လာ၊ ၅၀၀ ဒေါ်လာနဲ့ ၄၅၀ ဒေါ်လာစီအထိ အသီးသီးဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယမှ ဂျုံနဲ့ ဆန်တန်ချိန် ၂ သန်းစီ တင်ပို့ဖို့ ခွင့်ပြုလိုက်ခြင်း ၊ ဘင်္ဂလားဒေ့ရှ် ဆန်အထွက်တိုးရာ တင်သွင်းဖို့ ရည်ရွယ်ထားတဲ့ ပမာဏလျှော့ချခန့်မှန်းလိုက်ခြင်း တို့ကြောင့် အာရှဆန်ပြည်ပတင်ပို့တဲ့ နှုန်းထားတွေကျဆင်းသွားခြင်းဖြစ်ပါတယ်။ ပပ၊Source:Bloomberg.com
