ဆန်စီမံကိန်းအပေါ် စိုးရိမ်မှုလျော့ပါးအောင် ထိုင်းဝန်ကြီးမှ ရှင်းလင်းပြောကြား
ဆန်စီမံကိန်းအပေါ် စိုးရိမ်မှုလျော့ပါးအောင် ထိုင်းဝန်ကြီးမှ ရှင်းလင်းပြောကြား ပြူထိုင်းအစိုးရရဲ့ ဆန်စီမံကိန်းက နိုင်ငံတော်အတွင်း ငွေကြေးအမြောက်အမြား ဆုံးရှုံးမှုဖြစ်ပေါ်မယ်လို့ စိုးရိမ်မှုတွေ ဖြစ်နေကြပေမယ့် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ထိုင်းစီးပွား ကူးသန်းဝန်ကြီးကတော့ အတိုက်အခံတွေကို ဆန်အပေါင်ခံ အစီအစဉ်ရဲ့ အသေးစိတ်ကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဆန်အပေါင်ခံ အစီအစဉ်အတွက် အဓိကပြစ်တင်ဝေဖန်မှုများကတော့ အခွန်ပေးဆောင်ရသူများကို အပိုငွေ ကန်ဒေါ် လာ ၈ ဘီလီယံကျော် ပေးရမယ်လို့ မှားယွင်းစွာ ဖော်ပြခြင်းနဲ့ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူအဖြစ် ထိုင်းရဲ့လက်ရှိနေရာ မှေးမှိန် သွားမယ်ဆိုတဲ့ ကောလာဟလများပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဝေဖန်မှုအချို့ဟာ အခြေအမြစ်မရှိပါဘူးလို့ ဝန်ကြီးက ဆိုပါတယ်။ ယခုအစီအစဉ်ဟာ ကြားပွဲစားတွေနဲ့ ပတ်သက်ခြင်းမရှိဘဲ တောင်သူတွေကို တိုက်ရိုက်အကျိုး အမြတ်ရအောင် ဆောင်ရွက်မယ့် အစီအစဉ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဒီအစီအစဉ်အတွက် သုံးစွဲငွေ ဘတ်၄ဘီလီယံ(ကန်ဒေါ်လာ ၁၂၅ သန်း)ခန့်ဟာလည်း လည်ပတ် ရန်ပုံငွေက အသုံးပြုမှာဖြစ်လို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ထိခိုက်မှုမရှိပါဘူးလို့ ဆိုပါတယ်။ ဒီအပေါင်ခံအစီအစဉ်ကို ထင်သာမြင်သာစွာနဲ့ လည်ပတ် ဆောင်ရွက်သွားမယ်လို့လည်း အခိုင်အမာ ပြောကြားပါတယ်။ ဆန်အပေါင်ခံ အစီအစဉ်ရဲ့ ဈေးနှုန်းအရ ဖန်တီးတဲ့ ဈေးနှုန်းမြှင့်တင်မှုဖြစ်ပေါ်ကြောင်း၊ အနိမ့်ဆုံး အပေါင်ခံ ဈေးနှုန်းတစ်တန် ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၅၀၀)ဟာ ထုတ်လုပ်မှုစရိတ်အတွက် သင့်တော်တဲ့ နှုန်းဖြစ်ပြီး တောင်သူ တွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားဖို့ အထောက်အကူ ဖြစ်မယ်လို့ ဆိုပါတယ်။ ယခင်အစိုးရရဲ့ မူဝါဒက တောင်သူတွေရရှိမှု နည်းပါး ပေမယ့် ၎င်းင်းအနေနဲ့ ဝေဖန်လိုခြင်းမရှိကြောင်း ပြောကြားပါတယ်။ ထိုင်းဆန်အပေါင်ခံအစီအစဉ်က ကမ္တာ့ကုန်သွယ်ရေး အဖွဲ့စည်းရဲ့ စည်းမျဉ်းများကို ဆန့်ကျင်တယ် ဆိုတာနဲ့ ပတ်သက်လို့ ယခုမူဝါဒဟာ တောင်သူများနဲ့ ထုတ်လုပ်သူများ အတွက် ထောက်ပံ့မှုအတိုင်းအတာ တစ်ခုမဟုတ်ပေမယ့် တောင်သူလယ်သမားများအတွက် ၎င်းင်းတို့ရဲ့ ဆန်ဈေး ထိုက် သင့်စွာ ပိုမိုရရှိဖို့ပေးတဲ့ နည်းလမ်းပဲလို့ ဆိုပါတယ်။ လမင်း၊ Source: oryza.com
