အိန္ဒိယဆန်ဝယ်ယူရေး အင်ဒိုနီးရှားဆွေးနွေးမယ်
အိန္ဒိယဆန်ဝယ်ယူရေး အင်ဒိုနီးရှားဆွေးနွေးမယ် အင်ဒိုနီးရှားအစိုးရဟာ ယခုနှစ်တင်သွင်းမှုအတွက် လာမယ့်သီတင်းပတ်မှာ အိန္ဒိယက ဆန်ဝယ်ယူရေးအတွက် အောက်တိုဘာလ ၄ ရက်နေ့မှာ အင်ဒိုနီးရှားကိုလာမယ့် အိန္ဒိယဝန်ကြီးနဲ့ ဆွေးနွေးသွားမယ်လို့ ကုန်သွယ်ရေး ဝန်ကြီး Mari Elka Pangestu က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပြောကြားပါတယ်။ အိန္ဒိယဟာ အင်ဒိုနီးရှားနိုင်ငံက ဆန်အလှည့်ကျ တင်သွင်းနေတဲ့ ဗီယက်နမ်နဲ့ ပါကစ္စတန်အပြင် နောက်နိုင်ငံတစ်ခုပဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံက ဆန်ရောင်းချမှု ပယ်ဖျက်တဲ့ သတင်းထွက်ပြီးနောက် Mari က ပြောကြားခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ Mari ဟာ နိုင်ငံပိုင်အေဂျင်စီဘူးလော့နဲ့ အင်ဒိုနီးရှားသံအမတ်တို့နဲ့အတူ ထိုင်းနိုင်ငံမှာ အင်ဒိုနီးရှား ဆန်အဝယ်အော်ဒါကို ပယ်ဖျက်မှုနဲ့ ပတ်သက်လို့ အစိုးရထံက တရားဝင်ထုတ်ပြန်ရေး ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ကမ္ဘာမှာ တတိယမြောက် အများဆုံး ဆန်စားသုံးတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်တွင်း ဆန်သိုလှောင်မှုဖူလုံဖို့နဲ့ ဆန်ဈေးနှုန်း ထိန်းချုပ်ဖို့အတွက် စုစုပေါင်းဆန်တန်ချိန် ၈ သိန်းတင်သွင်းမှုထဲက ထိုင်းနိုင်ငံက တန်ချိန် ၃ သိန်းတင်သွင်းဖို့ အစောပိုင်းက သဘောတူခဲ့တာဖြစ်ပါတယ်။ လဝန်း၊Source: thejakarta Post
