မဲခေါင်ဒေသရေလွှမ်းမိုးပြီး အင်ဒိုနီးရှားအဝယ်ရှိလို့ ဗီယက်နမ်ဆန်ဈေး ၃ နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးဈေးနီးပါးမြင့်တက်

မဲခေါင်ဒေသရေလွှမ်းမိုးပြီး အင်ဒိုနီးရှားအဝယ်ရှိလို့ ဗီယက်နမ်ဆန်ဈေး ၃ နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးဈေးနီးပါးမြင့်တက်                           စက်တင်ဘာလ ၂၉ ရက် ဗီယက်နမ်ဆန်တင်ပို့ဈေးဟာ ၁ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပြီး ၅ မှတ်ဆန်ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၅၇၅ ရှိလာခဲ့လို့ ၃ နှစ်ကျော်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ကန်ဒေါ်လာ ၅၈၀ နီးပါးရှိလာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အဓိကတော့ မဲခေါင်ဒေသမှာ ရေနစ် မြုပ်မှုကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး အင်ဒိုနီးရှားရဲ့အဝယ်တက် လာတာကြောင့်လို့ ဆိုပါတယ်။                               အင်ဒိုနီးရှားအတွက် ဆန်တန်ချိန် ၄ သိန်း တင်ပို့နေတဲ့ အပြင် နောက်ထပ်တန်ချိန် ၁ သိန်း တင်ဒါရှိနေတယ်လို့ ဆိုပါတယ်။ မဲခေါင်ဒေသမှာရေလွှမ်းမိုးမှုမြင့်တက်ခြင်းဟာ ဆန်စက်များလည်ပတ်မှုကို နှေးကွေးစေပြီး ထုတ်လုပ်မှုစရိတ် ပိုမိုလာတဲ့အတွက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗီယက်နမ်မဲခေါင်ဒေသမှာ ယခုနှစ်ရာသီချိန် ရေနစ်မြုပ်မှုဟာ ၁၀ နှစ်အတွင်း ရေမြင့်တက်မှု အကြီးမား ဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။                                 ဗီယက်နမ်နိုင်ငံမှာ ဆန်လက်ကျန်များများ မကျန်တော့ တဲ့အပြင် ဖိလစ်ပိုင်က ဝယ်လိုအားရှိလာနိုင်တဲ့ သတင်းများက လည်း ဈေးနှုန်းကို မြှင့်တင်ပေးနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖုန်းနီဆတ်ကြောင့် စပါးတွေ ပျက်စီးခဲ့ရတဲ့အပေါ် စိုးရိမ်မှု တွေဖြစ်ပေါ်လာနေတယ်လို့ ဖိလစ်ပိုင်သီးနှံ ဝယ်ယူရေး အေဂျငစ် ကီ ပြောပါတယ။် လမင်း၊Source: Reuters