Main menu

Background

လက်ကျန် ပဲလွန်းဖြူ တင်ပို့မှု ရှိနေဆဲ

Sun, 10/02/2011 - 05:07 -- Anonymous (not verified)

လက်ကျန် ပဲလွန်းဖြူ တင်ပို့မှု ရှိနေဆဲ                      လက်ကျန်နည်းလာပြီ ဖြစ်တဲ့ ပဲလွန်းဖြူကို ပင်လယ်ရေကြောင်းက တင်ပို့မှု ပမာဏအနည်းငယ် ရှိနေသေး တာတွေ့ရပါတယ်။ ယခုစက်တင်ဘာလ နောက်ဆုံး သီတင်းပတ်မှာ ပဲလွန်းဖြူ FOB ၁၆၅တန် အရောင်းအဝယ် စာချုပ်ချုပ်ဆိုခဲ့ပြီး၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၃ ရက်အတွင်း တင်ပို့မှုမှာ တန် ချိန် ၉၀ ခန့် ရှိတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာ နှစ် စက်တင်ဘာ ၂၃ ရက်အထိ ပဲလွန်းဖြူ သင်္ဘောတင်ပို့ မှု ပမာဏမှာ တန်ချိန် ၁၄၆၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိလို့ ယခုနှစ်ကာလတူ တင်ပို့မှု တန်ချိန် အနည်းငယ်လျော့တာ တွေ့ရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ ရန်ကုန် FOB ဈေးမှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့ ှ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါတယ်။  MIRT-MAP