Main menu

Background

အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲအဝင်ပုံမှန်ရှိနေသဖြင့် ဈေးကျဦးမည် ခန့်မှန်းနေ

Sun, 10/02/2011 - 05:09 -- Anonymous (not verified)

အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲအဝင်ပုံမှန်ရှိနေသဖြင့် ဈေးကျဦးမည် ခန့်မှန်းနေ                          အမေရိကန်ဒေါ်လာနဲ့ အိန္ဒိယ ရူပီးလဲလှယ်နှုန်းထားမှာ အိန္ဒိယရူပီး တန်ဖိုး ဆက်လက်ကျ ဆင်းဦးမယ်ဆို တဲ့ ကောလာဟလတွေကြောင့် အိန္ဒိယမှ မတ်ပဲတင်သွင်းသူတွေက မတ်ပဲ (FAQ) နှုန်းထားကို မြှင့်လိုက်ကြောင်း သတင်းရတယ်။ လှောင်လက်တွေက တစ်ကွမ်တယ်လ်ကို ၄၃၀၀ ရူပီး (တစ်တန်ကို ကန်ဒေါ် လာ ၈၇၆ ဝန်းကျင်) ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့လည်း ဈေးကွက်တွေကို မတ်ပဲ အဝင်တွေ ရှိနေခြင်းကြောင့် မွန်ဘိုင်းဈေး ကွက်မှာ တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျကာ ၃၉၅၀ ကွမ် တယ်လ် (တစ်တန်ကို ကန်ဒေါ်လာ ၈၀၅ ဝန်းကျင်) ထိ ရောက်ရှိခဲ့တယ် လို့ သိရတယ်။                       မြို့တော်ဒေလီမှာလည်း တစ်ကွမ်တယ်လ်ကို ရူပီး ၁၀၀ ဈေးကျ ကာ ၄၁၀၀ ရူပီး (တစ်တန်ကို ကန် ဒေါ်လာ ၈၃၆ ဝန်းကျင်) ဖြစ်လာကြောင်း သိရတယ်။ Shivpuri ၊ Katni နဲ့ MPဈေးကွက်တို့မှာ မတ်ပဲတွေ ဆက်တိုက်အဝင် ရှိနေပြီး နောင်လာမယ့် ၂ ရက်မှ ၄ ရက် အတွင်း မတ်ပဲဈေးနှုန်းက တစ်ကွမ် တယ်လ်ကို ရူပီး ၁၀၀ ကျော် ကျဆင်း ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ပပ၊ Source:nnscommoditynews.com