Main menu

Background

ပဲတီစိမ်းတင်ပို့မှု ပမာဏ နည်းနေဆဲ

Sun, 10/02/2011 - 05:11 -- Anonymous (not verified)

ပဲတီစိမ်းတင်ပို့မှု ပမာဏ နည်းနေဆဲ                     ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုသီတင်းပတ် (စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်)အတွင်းမှာလည်း တန်ချိန် ၃၅၀၀ ခန့်နဲ့ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပြည်တွင်းအရည်အသွေးနိမ့် မိုးမိပဲများဝင်လာနေသလို မြန်မာ ပဲတီစိမ်းများလည်း အန္ဒိယဈေးကွက်တွေမှာ ကျန်နေသေး တာမို့ လတ်တလော မြန်မာပဲတီစိမ်းကို အဝယ်အေးနေတယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၂၃ ရက် အထိ ပင်လယ်ရေကြောင်းက တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၉၀၀၀၀ ကျော်ပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၁၂၇၀၀၀ ခန့်သာ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ လတ်တလောအဝယ်အေး လို့ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု နည်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT-MAPT