Main menu

Background

မုံရွာ V2 အဝယ်အားပျော့ စီးထွက်မှုလျော့လာ

Sun, 10/02/2011 - 05:23 -- Anonymous (not verified)

မုံရွာ V2  အဝယ်အားပျော့ စီးထွက်မှုလျော့လာ                    ပြီးခဲ့တဲ့တစ်ပတ်က တက်ဈေးနဲ့ အဝယ်အရောင်းသွက်ခဲ့တဲ့ မုံရွာ V2  ဈေးကွက်ဟာ စက်တင်ဘာလကုန်ပတ်မှာအဝယ်အရောင်းအနည်းငယ်လေးသွားပြီး ဈေးလည်းအေးလာခဲ့ပါတယ်။ ဒီလ V2  ပေါက်ဈေး အနေအထားက မနှစ်ကနဲ့ကာလတူ နှိုင်းယှဉ်ရင် အမြင့်ဈေးရခဲ့ပေမဲ့ ဒေသခံလှောင်လက်တွေအနေနဲ့ ပဲဝယ်ချိန် ပေါက် ဈေး ကွာခြားနေတဲ့အတွက် အကျိုးအမြတ်လည်း တူညီမှုမရှိဘဲ ယခုဈေးထက် ပိုမိုလာဖို့ မျှော်လင့်နေဆဲဖြစ်တာတွေ့ရပါတယ်။ မနှစ်က ဒီကာလ V2  ပေါက်ဈေး မှာ တစ်တင်း ၂၀၅၀၀ ကျပ်ဖြစ်ပြီး၊ ယခု ၂၄၈၀၀ ကျပ်ထိရပေမဲ့ ကျန်ကုလားပဲ တွေကတော့ မနှစ်ကနဲ့ ဈေးကွာခြားမှုမရှိဘဲ၊ ကုလားပဲတိုင်ပေတစ်တင်း ၂၀၄၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၉၀၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၂၀၀၀၀ ကျပ်မှ ၁၉၆၀၀ ကျပ် အသီးသီးဈေးပေါက်လျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်အဆွဲအနေနဲ့ တစ်နေ့ပျမ်းမျှအိတ် ၁၀၀၀ မှ ၁၅၀၀ အတွင်းရှိခဲ့ပြီး ကျန်ကုလားပဲများကတော့ ဒေသတွင်း စက်သမားနဲ့ လက်လီအသုံးတစ်နေ့ အိတ် ၅၀၀ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးထွက်မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၃၀၀၀ ခန့် လျော့နည်းသွားပြီး၊ မန္တလေးကို တင်း ၅၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ခန့်သာရှိတယ်လို့သိရပါတယ်။ ထွန်းလှိုင်