ပြည်ထောပတ်ပဲ ဝယ်လိုအားရှိသော်လည်း လက်ကျန်နည်း ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ထောပတ်ပဲ အဝင်လုံးဝမရှိတော့ဘဲ လက်ကျန်ပဲများနဲ့ အရောင်းအဝယ် ဖြစ် လျက် ရှိပါတယ်။ ထောပတ်ပဲဈေးမှာ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပြီး၊ ဒေသတွင်း လက်လီသမားများဖြင့် အိတ် ၂၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ရန်ကုန်၊ ပုသိမ်ဝယ်လက်များ မှာယူမှုရှိတဲ့ရက်မှာ အိတ် ၄၀ မှ ၅၀ အထိ အရောင်း သွက်ခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
Background