တရုတ်နှင့် ပါကစ္စတန် ကြက်သွန်နီများထက် အိန္ဒိယကြက်သွန်နီ ကြမ်းခင်းဈေး ပိုမိုနေ အိန္ဒိယက ပြည်တွင်းကြက်သွန်နီဈေးနှုန်းတွေ မြင့်မားလာမှုကြောင့် စက်တင်ဘာလအတွင်း ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပိတ်ပင်လိုက်ပြီး နှစ်ပတ်အကြာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြည်ပကို တင်ပို့ဖို့ ပြန်လည် ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့လည်း ပြည်ပတင်ပို့ဖို့ ကြမ်းခင်းဈေးကို တစ်တန်ကို ၄၇၅ ဒေါ်လာ (FOB နှုန်း) အထိ သတ်မှတ်လိုက်ရာ တရုတ်နဲ့ ပါကစ္စတန်မှ ကြက်သွန်နီတွေထက် ဈေးမြင့်နေရာ ဈေးကွက်ယှဉ်ပြိုင် နိုင်စွမ်း ကျဆင်းကာ ပြည်ပမှ ဝယ်လိုအားများစွာ မရှိကြောင်း သိရတယ်။ ကမ္ဘာ့ဈေးကွက်မှာ တရုတ်နဲ့ ပါကစ္စတန်ကြက်သွန်နီ ပြည်ပတင်ပို့တဲ့ ဈေးနှုန်း (FOB နှုန်း)များမှာ တစ်တန်ကို ၃၀၀ ဒေါ်လာနဲ့ ၃၂၅ ဒေါ်လာစီ အသီးသီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပပ၊Source:tribune.com.pk
Background