Main menu

Background

FOB ဈေးကွက် ပဲတီစိမ်း တန် ၁၀၀၀ ကို အရောင်းအဝယ်ဖြစ်မှုလျော့ကျ

Mon, 10/17/2011 - 03:37 -- Anonymous (not verified)

                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းတာကြောင့် ပဲတီစိမ်းတန် ၂၀၀၀ ခန့်၊ ပဲတီရွှေဝါတန် ၆၇၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း ၁၃၀ ခန့် စုစုပေါင်း တန် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုရှိနေဆဲဖြစ်ပြီး ပဲတီစိမ်း အဝင်ရပ်မယ့် လာမယ့်လများမှာတော့ မြန်မာပဲတီစိမ်းကိုအဝယ်ပြန်လိုက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ယခုတစ်ပတ် အတွင်း ပဲတီရွှေဝါကို အရောင်းအဝယ် ဖြစ်မှု များတာ တွေ့ရပါတယ်။                   အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး လျော့ကျမှုကြောင့် FOB ဈေးလည်း အနည်းငယ် လျော့ကျခဲ့ပါတယ်။                                  ဒေါ်လာ/တန်                          ပဲတီစိမ်းအညာ       ပဲတီရွှေဝါအသေး            ပဲတီရွှေဝါအကြီး၁၄-၁၀-၁၁            ၇၅၀-၇၇၀              ၈၀၀-၈၂၀                  ၁၀၀၀-၁၀၂၀၇-၁၀-၁၁              ၇၈၀-၈၀၀              ၈၄၀-၈၆၀                   ၁၀၂၀-၁၀၄၀MIRT(MAPT)