ဒီတစ်ပတ်မှာလည်း အောင်ပန်းဈေးကွက်ကို ချင်း(စို)တွေက ပုံမှန်ပဲဝင်ပါတယ်။ သီတင်းကျွတ်ကာလ ဖြစ်တာကြောင့် တောင်သူတွေက အများကြီးမဖော် တော့ဘဲ၊ ငွေလိုသလောက်သာဖော်ပြီး ရောင်းနေတယ်လို့လည်း သိရပါတယ်။ သီတင်း ကျွတ်ပြီးရင်လည်း ပုံမှန်လောက်သာဝင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အခုလက်ရှိ ပေါက်ဈေးကို သိပ်မကြိုက်သေးတာကြောင့် တောင်သူတွေက သိပ်ပြီး ဖော်ကြမယ်လို့ မထင်ပါဘူး။ အရင်နှစ်တွေကတော့ ကြိုက်ဈေးရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေတစ်နှစ်စာဖော်ကြတာကြောင့် လှောင်လက်တွေက ဝယ်ပြီးလှောင်ထား ကြလို့ရပေမယ့် ဒီနှစ်ကတော့ ဒီလိုအခြေအနေမရှိဘူးလို့ သုံးသပ်နေပါတယ်။ ချင်းက မြေကြီးထဲမှာသာဆိုရင် တစ်ရာသီလုံးထားနိုင်တဲ့ သီးနှံလည်းဖြစ်ပါတယ်။ ချင်း(စို)က ဒီတစ်ပတ်မှာ တစ်ပိဿာ ၃၀၀ ကျပ် ဈေးရှိပါတယ်။ ချင်း(ဥမ)ကတော့ လက်ကျန်နည်းနေပြီလို့ သိရပြီး တစ်ပိဿာကို ၄၀၀ ကျပ် -၄၅၀ ကျပ် ဈေးရှိပါ တယ်။ ချင်း(ခြောက်)ကိုတော့ ရန်ကုန်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် လှောင်လက်တွေ ကလည်း ထုတ်ရောင်းနေကြပါတယ်။ လက်ကျန်ကလည်း အတော်နည်း နေပြီ ဖြစ်တာကြောင့် ဈေးနည်းနည်း တက်လာပြီး တစ်ပိဿာကို ၂၂၀၀ ကျပ် - ၂၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
Background