Main menu

Background

လက်ကျန်လျော့ အဝယ်သွက်လို့ ဈေးမာလာတဲ့ ရှမ်းကြက်သွန်ဖြူ

Mon, 10/17/2011 - 04:10 -- Anonymous (not verified)

                   တောင်ကြီးဈေးကွက်မှာ ဇူလိုင်လကနေ အောက်တိုဘာလဆန်းအထိ တစ်ပိဿာကို ၅၀၀ ကျပ်မှ ၁၁၀၀ ကျပ်ဈေးပတ်ချာလည် နဲ့ ဈေးငြိမ်နေတဲ့ ကြက်သွန်ဖြူက ဒီတစ်ပတ်မှာ ဈေးပြန်တက်လာပါတယ်။ တစ်ပိဿာကို ၁၀၀ ကျပ် -၁၅၀ ကျပ်ခန့် ဈေးတက်လာနေတာကြောင့် လှောင်လက်အချို့တွေက ထုတ်ရောင်းနေပါတယ်။ မုံရွာဝယ်လက်တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူ နေတာရယ်၊ လက်ကျန်လည်းနည်းလာတာရယ်ကြောင့် ဈေးတက်လာတယ်လို့ သိရ ပါတယ်။ တောင်သူတွေကတော့ ဒီသီတင်းကျွတ်လဆန်းမှာပြန်ပြီး စိုက်နေကြပါတယ်။ စိုက်ဧကကလည်း မနှစ်ကလိုဘဲ ပုံမှန်ပြန်စိုက်ပါတယ်။ ဒီနှစ်က ဈေး မကောင်းဘူးဆိုပေမယ့် ပြည်တွင်းသုံးအတွက် ရန်ကုန်-နေပြည်တော်က ဝယ်ယူနေ တာကြောင့် တစိမ့်စိမ့်ရောင်းနေရတယ်လို့လည်း သိရပါတယ်။ တောင်ကြီး ပွဲရုံ တွေမှာတော့ လက်ကျန်ပိဿာချိန် ၂ သိန်းခန့်ကျန်နေသေးတယ်လို့ ဒေသခံပွဲရုံ တွေက သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူ(လတ်ခြား) တစ်ပိဿာ ၇၀၀ ကျပ် (ထူး-၁) ၈၀၀ ကျပ်၊ (ထူး -၂) ၁၀၀၀ ကျပ်၊ (ထူး-၃) ၁၁၀၀ ကျပ်၊ (ထူး -၄) ၁၃၀၀ ကျပ် ဈေးရှိပါတယ်။ လဲချားအပင်ပါကတော့ တစ်ပိဿာ ၆၅၀ ကျပ်-၇၀၀ ကျပ်ဈေးရှိပြီး၊ အောင်ပန်းဈေးကွက်မှာတော့ (လတ်ခြား) ၇၀၀ ကျပ်(ရှယ်) ၈၀၀ ကျပ် (ထူး-၁) ၉၀၀ ကျပ်၊ (ထူး -၂) ၁၀၀၀ ကျပ်၊ (ထူး -၃) ၁၁၀၀ ကျပ်၊ (ထူး -၄) ၁၃၀၀ ကျပ်မှ ၁၄၀၀ ကျပ်ဈေးရှိပါတယ်။ (ထူး -၄)ကို ပြန်လည်ပြုပြင်ပြီးရောင်းရင် တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်