ရှမ်းနနွင်း(ခါး)တွေကို ပရဆေးဖော်ဖို့အတွက် မူဆယ်ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် အရောင်း အဝယ် နည်းနည်း ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဒီနှစ်တော့ နနွင်းသစ်တွေလည်း ဈေးကွက်ကို တော်တော်နဲ့ ဝင်လာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ နနွင်းက အစိုအတိုင်း ရောင်းလို့မရတာကြောင့် အခြောက်ပြုလုပ်ပြီးမှသာ ဈေးကွက်ကို ဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဈေးမရှိရင် ဖော်ပြီးအခြောက်မပြုလုပ်တော့ဘဲ မြေကြီးထဲမှာသာ ထားကြမယ်လို့သိရပါတယ်။ မြေထဲမှာလည်း ၃ နှစ်လောက်အထားခံတာကြောင့် အဲဒီမြေပေါ်မှာ အခြားသီးနှံတွေပြန်မစိုက်မချင်း ထားနိုင်တယ်လို့ တောင်သူတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးကတော့ ပင်လောင်းနနွင်းက တစ်ပိဿာ ၂၅၀ ကျပ်၊ ရိုးရိုးနနွင်းက ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းဈေးက တစ်ပိဿာ ၃၂၀၀ ကျပ်ဈေးရှိပါတယ်။ ပရဆေးဖော်ဖို့အတွက် အသုံးပြုတဲ့ ပင်လောင်းနနွင်းခါးက တစ်ပိဿာ ၃၀၀ ကျပ်၊ ၃၅၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်
Background