ယခင်နှစ်က အကျိုးအမြတ်ရရှိခဲ့တာကြောင့် တောင်သူများစိုက်ဧရိယာတိုးချဲ့လာတဲ့အတွက် ယခု မိုးရာသီမှာ နနွင်း အမြောက်အမြားထွက်ရှိနိုင်တယ်လို့သိရပါတယ်။ ၂၀၀၉-၁၀မှာ နနွင်းတစ်အိတ် ၇၅ ကီလိုပါ အိတ်ပေါင်း ၄ ဒသမ ၈သန်း ထွက်ရှိခဲ့ပြီး ၂၀၁၀-၁၁ မှာအိတ်ပေါင်း ၆ ဒသမ ၅ သန်းထွက်ရှိခဲ့လို့ ယခုနှစ်မှာ အိတ်ပေါင်း ၈ ဒသမ ၅ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ အစောပိုင်းက တောင်သူတွေဟာ နနွင်းတစ်ကီလို ရူပီး ၂၀-၃၅ (ကန်ဒေါ်လာ ၀ ဒသမ ၄၁-၀ ဒသမ ၇၁) ဝန်းကျင် ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တောင်သူများအနေနဲ့ တစ်ကီလိုကို ရူပီး ၁၇၅-၂၂၅ (ကန်ဒေါ်လာ ၃ ဒသမ ၅၆-၄ ဒသမ ၅၇) အထိ အကျိုးအမြတ်များစွာရရှိခဲ့တယ်လို့ မွန်ဘိုင်းအခြေစိုက်ကုန်သည် Manubhai Shah ကဆိုပါတယ်။ တမီလ်နာဒူးမှာ ယခင်နှစ်က အိတ်ပေါင်း ၃ ဒသမ ၅ သန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ် ၄ ဒသမ ၅ သန်းအထိ ထွက်ရှိ နိုင်တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က နနွင်းဈေးကောင်းနဲ့ ရောင်းချရတဲ့အတွက် အင်ဒရာပရာဒေ့ရှ်နဲ့ တမီလ်နာဒူးပြည်နယ်က တောင်သူများ ဟာ စိုက်ဧကတွေတိုးချဲ့ခဲ့ပါတယ်။ ဈေးနှုန်းတွေကျဆင်းလာတဲ့တိုင် ၂၀၁၀ ခုနှစ်အတွင်းမှာ နနွင်းတစ်တန် ရူပီး ၁၆၀၀၀၀ (ကန်ဒေါ်လာ ၃၂၅၃)အထိအမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ယခင်နှစ်ထုတ်လုပ်မှုနဲ့ ဝင်ရောက်မှုအများဆုံးဖြစ်တဲ့ ဇန်နဝါရီလ ကထဲက ဈေးနှုန်းကျဆင်းခဲ့တာဖြစ်ပါတယ်။ ယခုနှစ်လက်ကျန်အိတ်ပေါင်း ၁ ဒသမ ၅ သန်းနဲ့ ၂ သန်းထိရှိနိုင်တဲ့အတွက် ၂၀၁၁-၁၂ ရဲ့ နှစ်ကုန်လက်ကျန်ဟာ အိတ်ပေါင်း ၁၀ သန်းအထိ မြင့်တက်နိုင်တယ်လို့သိရပါတယ်။ ရာသီဥတုအခြေအနေ ကောင်းလာတာနဲ့အမျှ စိုက်ပျိုးမှုကလည်း မြင့်တက်နေဆဲဖြစ်ပြီး၊ နနွင်းသစ်များ ဈေးကွက်ကို ဇန်နဝါရီလမှာ စတင်ဝင်လာတော့မှာဖြစ်ပါတယ်။ ကုန်သည်များနဲ့ လေ့လာ ဆန်းစစ်မှုများရဲ့ ခန့်မှန်းချက်အရ ပြည်တွင်းနဲ့ နိုင်ငံတကာဝယ်လိုအား ကောင်းမွန်လာမှုအရ နောက်သီတင်းပတ်အနည်းငယ်မှာ နနွင်းဈေးမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နနွင်းအမြောက်အမြား မကြာခင်ထွက်ရှိတော့မှာဖြစ်လို့ ကာလတိုအတွင်း နနွင်းသစ်ရာသီမှာ ဈေးကျဆင်းမှုဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။ လတ်တလော ပွဲတော်ရာသီဖြစ်တာကြောင့် အိန္ဒိယမြောက်ပိုင်းနဲ့ ပြည်တွင်းဝယ်လိုအားခိုင်မာနေပြီး၊ စင်ကာပူနဲ့မလေးရှား တို့ကလည်း ပြည်ပအဝယ်တက်လာတယ်လို့ Angel Commodities မှ သုတေသနလေ့လာ ဆန်းစစ်သူ Malini Rao မှ ပြောကြားပါတယ်။ ယခုနှစ်ဧပြီလမှ သြဂုတ်လအတွင်း နနွင်းတင်ပို့မှုတန်ချိန် ၃၆၅၀၀ ရှိတာကြောင့် ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ နနွင်းဈေးဟာ အရည် အသွေးပေါ်မူတည်ပြီး တစ်တန် ရူပီး ၆၀၀၀၀-၇၂၀၀၀(ကန်ဒေါ်လာ ၁၂၂၀- ၁၄၆၄) ရှိတယ်လို့သိရပါတယ်။ လှောင် လက်များနဲ့ လက်လီရောင်းချသူများက ဝယ်လိုအားရှိပြီး ဈေးကွက်ကို ဝင်ရောက်မှုနည်းခြင်းက ဈေးနှုန်းမြင့် တက်လာနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: businessstandard
Background