Main menu

Background

၂၀၁၂ ခုနှစ်တွင်လည်း ရွှေသည် စွမ်းဆောင်မှု အကောင်းဆုံး ကုန်ပစ္စည်းဖြစ်နေဦးမည်

Mon, 10/17/2011 - 04:35 -- Anonymous (not verified)

               ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေမှုကြောင့် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ရဲ့ ဓနဥစ္စာတွေကို လုံခြုံစိတ်ချရမှုရှိစေဖို့ ရွှေကိုသာ ဝယ်ယူရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ရာ ၂၀၁၂ ခုနှစ်မှာလည်း ရွှေက စွမ်းဆောင်မှုအကောင်းဆုံး ကုန်ပစ္စည်းဖြစ်နေ ဦးမယ်လို့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ Morgan Stanley  က ပြောကြားတယ်။                Morgan Stanley  မှကုန်ပစ္စည်းဆိုင်ရာသုတေသနအကြီးအကဲ Hussein Allidina အပါအဝင် သုတေသီတွေက ၂၀၁၂ ခုနှစ်အတွက် ရွှေဈေးနှုန်း ခန့်မှန်း ချက် ၃၅ ရာခိုင်နှုန်းမြှင့်တင်ကာ တစ်အောင်စကို ၂၂၀၀ ဒေါ်လာအထိ ရောက်ရှိ မယ်လို့ အောက်တိုဘာ ၆ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ရွှေကိုသာ မက ငွေ (သတ္တု)တန်ဖိုးလည်း မြင့်မားလာမယ်လို့ ခန့်မှန်းထားပါတယ်။ Source:Bloomberg.com, ပပ