Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Mon, 10/17/2011 - 05:53 -- Anonymous (not verified)

နို့ဆီတန်ချိန် ခြောက်ရာကျော် တင်သွင်း                     အောက်တိုဘာ ၂ ရက်မှ ၈ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၆၁၉ ဒသမ ၆၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို မှာ ယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တော့ DAWN  တံဆိပ် နို့ဆီ ၂၈၈ ဒသမ ၅၃ တန်နဲ့ OK တံဆိပ် နို့ဆီ တန်ချိန် ၃၃၁ ဒသမ ၁၀ တန် အသီးသီးမှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန်ချိန်ခြောက်ရာကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာလည်း ယခင်သီတင်းပတ်အဝင်ကို အမှီလိုက်ခဲ့ တယ်လို့ဆိုရပါမယ်။ သီတင်းကျွတ်ပွဲတော်အမီ ဖြုန်းအားကောင်းခဲ့လို့ ဒီတစ်ပတ်မှာလည်း အဝင်အား ကောင်း ကောင်းနဲ့ဆက်တိုက်ဝင်လာခဲ့တာ တွေ့ရပါတယ်။                       နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၂၅ ဒသမ ၂၀ တန်၊ စင်ကာပူ နိုင်ငံမှ ၃ ဒသမ ၅၉ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၄၈တန်၊ စုစုပေါင်း ၇၆ ဒသမ ၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကျော်ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ်ကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာတော့ နို့မှုန့်အဝင်အား လျော့ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းလျော့                       မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁၉၅၅၀ တန်ဖိုးရှိ နို့ဆီ ၂၁ တန် (၁၁၀၀ တာ)၊ ကန်ဒေါ်လာ ၅၂၆၅၀ တန်ဖိုးရှိ နို့စိမ်း ၅၅ တန် (၂၉၀၀ တာ)နဲ့ ကန်ဒေါ်လာ ၁၄၂၃၆ တန်ဖိုးရှိ နို့မှုန့် ၅ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နို့ဆီ တာ ၁၁၀၀၊ နို့စိမ်း ၁၃၀၀ တာနဲ့ နို့မှုန့် ၃၂ တန် အသွင်းလျော့ ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                        နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး         ကျပ်/တစ်ဘူး                           ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )              ၆၇၀      ၇၀၀ဒွန်း( နို့စိမ်း)             ၆၂၀      ၆၅၀Falcon နို့ဆီ             ၅၃၀       -Falcon နို့စိမ်း           ၄၉၀       -ဝမ်းတီးနို့ဆီ              ၆၅၀    ၆၇၅အိုကေ( နို့ဆီ)            ၆၅၀    ၆၇၅အိုကေ( နို့စိမ်း)           ၆၅၀   ၆၇၅ဟက်ပီးကောင်း( နို့ဆီ) ၆၃၀     -MIRT (DOT)