Main menu

Background

ပြည်တွင်းဈေးကွက် ဈေးနှုန်း( ဘိလပ်မြေ)

Mon, 10/17/2011 - 05:41 -- Anonymous (not verified)

ဒီတစ်ပတ် စိန်တံဆိပ် အများဆုံးဝင်                ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်မှ ၈ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၇၄၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေတန်ချိန် ၂၄၀၀ နဲ့ စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၅၀၀၀ အသီးသီး မှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဝင်အားကောင်းကောင်းနဲ့ တန်ချိန် ခုနစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ ယခင် အပတ်အဝင်ရဲ့ ဆယ်ပုံတစ်ပုံသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေအဝင်အား တော်တော်လေးလျော့နည်းခဲ့ပါတယ်။    MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့                 မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၈၁၂ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်မှာ တာချီလိတ်၊ မြိတ်၊ ကန်ပိုက် တီးနဲ့ မောင်တောနယ်စပ်များမှ တန် ၂၇၀၀ ကျော် အသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၈၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။  MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                   ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်   တိုင်းဒေသကြီး/  ပြည်နယ် အမျိုးအစား                ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ယခုအပတ်    ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး    ဘိလပ်မြေ(ဆင်)ထိုင်း   ၄၇၀၀   ၄၇၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)  ၄၆၀၀ ၄၆၀၀   ဘိလပ်မြေ (မောင်းတိန်း)   ၄၆၀၀  ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၉၀၀  ၅၉၀၀   ဘိလပ်မြေ (AAA)     ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြန်မာဆင်)  ၄၈၀၀  ၄၉၀၀   ဘိလပ်မြေ(ဆင်မင်း)  ၄၂၀၀ ၄၁၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၁၀၀ ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၂၀၀  ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း      ၆၀၀၀ ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၅၀၀၀  ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း      ၆၅၀၀ ၆၅၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀  ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(နဂါး) ၅၃၀၀  ၅၃၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၃၀၀  ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး      ၃၆၅၀  ၃၇၀၀   ဘိလပ်မြေ(စိန်)ထိုင်း     ၅၁၅၀   ၅၂၅၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၃၀၀   ၄၃၀၀   MIRT(DOBT)