Main menu

Background

ပဲပုပ်ဆီဈေးကျဆင်းမှုကြောင့် စားအုန်းဆီကြမ်းဈေးလိုက်ပါကျဆင်း

Mon, 10/17/2011 - 05:58 -- Anonymous (not verified)

                   ချီကာကိုပဲပုပ်ဆီဈေးကျဆင်းခြင်းကြောင့် အောက်တိုဘာ ၂၃ ရက် မလေးရှား ကုန်စည်ဒိုင် စားအုန်းဆီ ကြိုပွိုင့်ဈေးပါ ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဘာစာ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာလစားအုန်းဆီ စာချုပ်ဈေးဟာ ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၈၄၄ (ကန်ဒေါ်လာ ၉၀၄) ဖြစ်ခဲ့ပြီး၊ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၅၁ ဒသမ ၇၇ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၁) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။                     အမေရိကန်စိုက်ပျိုးရေးဌာန (USDA) မှ ကမ္ဘာ့ဆီထွက်သီးနှံလက်ကျန် ခန့်မှန်းမှုကို မြှင့်တင်ခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်မှာ စတင်တဲ့ ဈေးကွက်နှစ် အတွက်ပဲပုပ်လက်ကျန်ဟာ ဘူရှယ် ၁၆၀ သန်း (တန်ချိန် ၄.၃၂ သန်း) နဲ့ ငြိမ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ စားအုန်းဆီဈေးက ကျဆင်းနေဆဲဖြစ်ပေမဲ့ အောက်တို ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်ပဝယ်လိုအား ပိုမိုဖွယ်ရှိခြင်းနဲ့ တရုတ်နိုင်ငံမှာ အမျိုးသားအားလပ်ရက်ရှည်ပြီးပါက ဝယ်လိုအား မြင့်တက်လာနိုင်ခြင်းတို့ကြောင့် ဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။                    လက်ငင်းဈေးကွက်မှာ အောက်တိုဘာလအတွက် သန့်စင်ပြီးစားအုန်းဆီ (Palm Olein)  တစ်တန် ကန်ဒေါ်လာ ၉၈၅ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်း ဆီကြမ်း လက်ငင်းဈေးဟာ တစ်တန်ရင်းဂစ် ၁၅ လျှော့ချပြီး ရင်းဂစ် ၂၈၆၀ (ကန်ဒေါ်လာ ၉၀၉) ဈေးနဲ့ ကမ်းလှမ်းခဲ့တယ်လို့သိရပါတယ်။ ယုဇန၊Source: palmoilhq.com