Main menu

Background

အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက် မူဆယ်မှ နှမ်းရောင်စုံတင်ပို့မှုပို

Mon, 10/17/2011 - 06:08 -- Anonymous (not verified)

                 ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၂၃ သန်းခန့်တန်ဖိုးရှိ နှမ်းမျိုးစုံ ၁၇၆၀၀ တန်အပို့ရှိခဲ့ပြီး အနီးစပ် ဆုံးကာလထက် ၇၄၇၈ တန်ခန့်နဲ့ ယမန်နှစ်ကာလတူထက် ၉၄၁၅ တန်ခန့်တင်ပို့မှုပိုမိုခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ ကန်ဒေါ်လာ ၄၁ သန်းကျော်တန်ဖိုးရှိ နှမ်းမျိုးစုံ ၂၂၂၁၇ တန်ကျော် အပို့ ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၉၃၁၁တန်၊ တန်ဖိုး ၁၁ သန်းကျော် ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုရာသီဟာ တစ်ဖက်နိုင်ငံမှာ ပွဲတော်ကာလများဖြစ်တဲ့အတွက် မုန့်လုပ်ရာမှာ အသုံးပြုတဲ့နှမ်းများ ဝယ်လိုအားကောင်းတဲ့အချိန်ဖြစ်ပါတယ်။ ဈေးကွက်နဲ့ ဝယ်လိုအား ရှိတဲ့ကာလဖြစ်လို့ အမြတ်နည်းနည်းနဲ့ ပမာဏများများ ရောင်းချနေတာတွေ့ရပါတယ်။ စက်တင်ဘာလ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ(လတ်) တစ်တန်ကို ၉၂၅၃၉၆ ကျပ်၊ နှမ်းဖြူ (ကောင်း) တစ်တန်လျှင် ၉၆၆၂၂၃ မှ ၁၀၀၇၀၄၉ ကျပ်၊ နှမ်းနက် (ကောင်း)တစ်တန်လျှင် ၁၀၈၈၇၀၂ ကျပ် ထိရှိပြီး တစ်ဖက်နိုင်ငံ ရွှေလီဈေးမှာ နှမ်းဖြူတစ်တန် ၇၈၀၀ မှ ၈၇၀၀ ယွမ်နဲ့ နှမ်းနက်တစ်တန် ၉၀၀၀ မှ ၉၄၀၀ ယွမ်အသီးသီး ရှိပါတယ်။ Source: နကသ၊MIRT (DOBT)