Main menu

Background

မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

Mon, 10/17/2011 - 06:18 -- Anonymous (not verified)

မတ်ပဲစဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ        ယခင်     ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်            ၁ တန်      ၅၉၄၅၀၀     ၅၉၀၅၀၀၂ မုံရွာ                      ၁ ပိဿာ      ၉၁၅           ၈၄၀၃ ပြည်                      ၁ ပိဿာ      ၉၀၀          ၉၀၀၄ ဟင်္သာတ               ၁ ပိဿာ      ၉၁၅           ၉၀၀၅ မန္တလေး                ၁ ပိဿာ     ၈၆၇            ၈၃၃မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၅၈၉၀၀၀ ကျပ်နဲ့ အဝယ်ရှိခဲ့ရာက နောက်ပိုင်းမှာ ဝယ်လက်တွေက ဈေးပေး အဝယ်ရှိသလို ဝယ်အားပါများလာတာကြောင့် အောက်တိုဘာ ၁၄ ရက်နေ့မှာ တစ်တန်ကို ၅၉၀၅၀၀ ကျပ်အထိဈေးမြင့်လာခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် တစ်တန်ကို ၄၀၀၀ ကျပ်ခန့် ဈေးကျနေသေး ကြောင်း ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ သီတင်းကျွတ်ပွဲတော်ကလည်း ရှိနေတာကြောင့် အရောင်းအဝယ်က ယခင် အပတ်ထက်စာရင် နည်းနည်းအေးနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တစ်ပတ်အတွင်း တန် ၅၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း)ကို ဒေသတွင်း ပဲခွဲစက်များသာ ဝယ်အားအသင့်အတင့်ရှိပြီး ရန်ကုန်အဆွဲနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၆၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းလက် များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ် ထင်သ လောက်မဖြစ်ခဲ့ဘူးလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ဝန်းကျင်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲအဝင်မရှိတော့ဘဲ လှောင်လက်သမားများ လက်ဝယ်ရှိ ပဲများကိုသာ ထုတ်ရောင်းနေ တယ်လို့သိရပါတယ်။ အဓိက ဝယ်လက်ကတော့ ရန်ကုန်ဝယ်လက် ဖြစ်ပြီး တစ်ပိဿာကို ၉၀၀ ကျပ် (တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသတွင်းတောင်သူများကလည်း ပဲစိုက်ချိန်နီးလာပြီဖြစ် လို့ ထုတ်လုပ်မှုတွေများပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးက ငြိမ်နေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။