Main menu

Background

ကုလားပဲဖြူလုံးကြီး အိတ်စပို့ အဝယ်နည်းလို့ ဈေးအေး

Mon, 10/17/2011 - 06:32 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ      ယခင်      ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်           ၁ ပိဿာ      ၁၃၈၈    ၁၄၀၀၂ မန္တလေး                ၁ ပိဿာ      ၁၂၅၈    ၁၂၂၃၃ မုံရွာ                     ၁ ပိဿာ      ၁၂၃၇    ၁၂၂၁၄ ပခုက္ကူ                  ၁ ပိဿာ      ၁၂၀၀    ၁၂၀၀၅ မြင်းခြံ                   ၁ ပိဿာ     ၁၂၀၀    ၁၂၀၀၆ ရေစကြို                ၁ ပိဿာ     ၁၁၆၀     ၁၁၆၀ကုလားပဲဖြူလုံးကြီး အိတ်စပို့ အဝယ်နည်းလို့ ဈေးအေး                 မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက် နဲ့ မြို့ခံပဲခွဲစက်တွေက ဈေးပေးအဝယ်မရှိသလို ဝယ်အားပါနည်းသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၂၂၃ ကျပ် (တစ်တန်ကို ၇၄၈၉၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ။် ပခုက္ကူဈေးကွက်မှာ ကုလားပြဲဖူလုံးကြီး က ဈေးနှုန်းသာရှိပြီး အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ရေစကြိုဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မန္တလေးအဆွဲအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်ေ့ နတယ်လို့သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၆၀ ကျပ်(တစ်တန်ကို ၇၁၀၃၇၂ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀မှ ၁၅၀ကြားဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မုံံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်-မန္တလေး ဝယ်လက်က တစ်ပိဿာကို ၁၂၂၁ကျပ်(တစ်တန်ကို ၇၄၇၇၂၈ ကျပ်) နဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားသာအဝယ်ရှိခဲ့ပြီး ယခင်အပတ်နဲ့ စာရင် ဈေးကျနေတယ်လို့ ဆိုပါတယ်။ ဒီတစ် ပတ်မှာ ကုလားပဲဖြူ လုံးကြီးကို အိတ်စပို့အတွက် ရန်ကုန်-မန္တလေးဝယ်လက်က ဝယ်အား လျော့သွားခဲ့လို့ အခုလို ဈေးတွေကျသွားတာလို့ မြို့ခံကုန်သည်တစ်ဦး က ဆိုပါတယ်။