Main menu

Background

နှမ်းဖြူကို တရုတ်ဝယ်လက်က အရည်အသွေးစိစစ်ဝယ်ယူမှုများရှိနေ

Mon, 10/17/2011 - 06:44 -- Anonymous (not verified)

သိပ္ပံနှမ်းစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ       ယခင်       ယခု           ပြောင်းလဲမှု၁ အောင်လံ                ၁ ပိဿာ     ၂၁၇၈        ၂၁၁၅နှမ်းဖြူကို တရုတ်ဝယ်လက်က အရည်အသွေးစိစစ်ဝယ်ယူမှုများရှိနေ                       မန္တလေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ ဝင်ရောက်မှု ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူ တည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၆၂၂ ကျပ် (တစ်တန်ကို ၉၉၃၂၉၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ၁၄၉၀ ကျပ်(တစ်တန်ကို ၉၁၂၄၆၁ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်မှုနည်းသွားတယ်လို့ သိရပါတယ်။ မုံရွာဈေးကွက်မှာ နှမ်းဖြူက ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် မန္တလေးဝယ်လက်အဆွဲ အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးတန့် နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄၀၀ ကျပ် (တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ပတ်အတွင်း တင်း ၁၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လ်လံေံဈေးကွကွက်မ် ှာ သိပ္ပံနှမ်းနက် ကို ရန်ကုန်အဆွဲအေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၂၁၁၅ ကျပ် (တစ်တန်ကို ၁၂၉၅၂၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ မှ ၄၀၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။