ထိုင်ဝမ်(ကုလားပဲ) ဈေးမာလာ
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၁၀၁၃ ၁၀၃၁၂ မကွေး ၁ ပိဿာ ၁၀၃၀ ၁၀၂၆၃ ပခုက္ကူ ၁ ပိဿာ ၁၀၂၁ ၁၀၂၆၄ မုံရွာ ၁ ပိဿာ ၉၇၄ ၁၀၂၆၅ အောင်လံ ၁ ပိဿာ ၁၀၂၅ ၁၀၇၅၆ မြင်းခြံ ၁ ပိဿာ ၉၇၅ ၁၀၀၀၇ ပြည် ၁ ပိဿာ ၁၀၂၀ ၁၀၆၀၈ ရေစကြို ၁ ပိဿာ ၁၀၂၀ ၁၀၀၀ထိုင်ဝမ်(ကုလားပဲ) ဈေးမာလာ မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် ရန်ကုန်ဝယ်လက်ကပါ ဝယ်အားသွက်လာတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လ် ာပြီး တစ်ပိဿာကို ၁၀၃၁ ကျပ်(တစ်တန်ကို ၆၃၁၃၇၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြးီ တစ်ပိဿာကို ၁၀၂၆ ကျပ် (တစ်တန်ကို ၆၂၈၈၁၂ ကျပ်) နဲ့ တစ်ရက်ကို အိတ် ၅၀ မှ ၁၀၀ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက် အချို့နဲ့ မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိသလို ရောင်းလက်များ ကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၀၇၅ ကျပ်(တစ်တန်ကို ၃၅၈၃၁၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၅၀ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။ မုံံရွာဈေးကွက်မှာ ကုလားပဲကို ဒေသ တွင်းခွဲစက်၊ အမှုန့်ကြိတ်စက်များနဲ့ မြို့တွင်း လက်လီသမားများက ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးက အမြင့် မှာရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၀၂၆ ကျပ် (တစ်တန်ကို ၆၂၈၃၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
