ကုန်စည်ဒိုင် သုံးသပ်ချက်

                 မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့  ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ဈေးချအဝယ် ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးကျ လာပြီး ပြည်တွင် ဈေးတန့်ေ့ န ကြောင်း တွေ့ရပါတယ်။                      ပဲတီစိမ်း(အညာ)ကို  အိတ်စပို့ဝယ်လက်တွေက ပဲရဲ့ အရည် အသွေးအပေါ် စိစစ်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတာကြောင့် မြင်းခြံမှာ ဈေးကျနေပြးီ မကွေးမှာ ဈေးအနည်းငယ်မြင့်နေကာ မုံရွာ၊ မန္တလေးနဲ့ ပြည်မှာ ဈေးငြိမ်နေကြောင်း သိရပါတယ်။                         ပဲစင်းငုံနီကို ပြည်ပအဆွဲပြန်အေးသွားတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးကကျရိပ်သမ်းနေတာ တွေ့ရပါတယ်။                       ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲ အားပျော့သွားသလို ပြည်တွင်းခွဲစက်တွေကလည်း ဝယ်အားပါးသွားတာကြောင့် မန္တလေး နဲ့ မုံရွာမှာဈေးကျနေပြီး ပခုက္ကူ ၊ မြင်းခြံနဲ့ ရေစကြိုမှာ ဈေးတန့် နေကာ ဘုရင့်နောင်မှာ ဈေးမဆိုသလောက်မြင့်နေတာ တွေ့ရပါတယ်။                           ထိုင်ဝမ်(ကုလားပဲ) ကို မြို့ခံပဲခွဲစက်များနှင့် ဒေသတွင်း အမှုန့်ကြိတ်စက်သမားများအပြင် ရန်ကုန်အဆွဲပါ ပုံမှန်ရှိတာကြောင့် မန္တေ လး၊ ပခုက္ကူ ၊ မုံရွာ၊ အောင်လံ၊ မြင်းခြံနဲ့ ပြည်မှာ ဈေးမြင့်နေပြးီ မကွေးနဲ့ ရေစကြိုမှာ ဈေးမဆိုသုသလောက်က်ကျနေတာ တွေ့ရ ပါတယ်။                             ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိတာကြောင့် တောင်ကြီးနဲ့ မူဆယ်မှာ ဈေးမြင့် နေပြးီ လားရိူးမှာဈေးငြိမ်နေကာ မန္တလေး၊ မြင်းခြံနဲ့ ဟင်္သာတမှာ ဈေးအနည်းငယ်ကျနေကြောင်း တွေ့ရ ပါတယ်။                        နှမ်းဖြူ ကို တရုတ်က အရည်အသွေးအလိုက် စိစစ်ပြီး ဝယ်ယူမှုတွေရှိတာကြောင့် မကွေးမှာ ဈေးကျနေပြီး မန္တလေး နဲ့ မုံရွာမှာ ဈေးတန့် နေကြောင်း သိရပါတယ်။                       သိပ္ပံနှမ်း ကို ရန်ကုန်အဆွဲ ပြန်အေးသွားတာကြောင့် အောင်လံ မှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။