Main menu

Background

တယ်လီဖုန်းနှင့် ဖက်(စ်) တင်သွင်းခွင့် ထောက်ခံချက်အား Online မှ တစ်ဆင့် ထောက်ခံချက်ပေးမည်

Mon, 10/17/2011 - 07:10 -- Anonymous (not verified)

                ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကန့်သတ်ထားသည့် ဆက်သွယ်ရေး စက်ပစ္စည်း အမျိုးအစားများမှလွဲ၍ တယ်လီဖုန်းနှင့် ဖက်(စ်) များအား ပြည်ပမှ တင်သွင်းလိုသည့် တယ်လီဖုန်းကိရိယာနှင့် ဆက်စပ် ပစ္စည်း များ၊ ရောင်းဝယ်ခွင့်လိုင်စင် ရရှိထားသူ ကုမ္ပဏီအဖွဲ့အစည်းများသည် မိမိတို့ တင်သွင်းလိုသည့် တယ်လီဖုန်းနှင့် ဖက်(စ်)အမျိုးအစားများဖော်ပြ၍ တင်သွင်း ခွင့် ထောက်ခံချက်ရရှိရန် Online  စနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။                လျှောက်ထားသူသည် အောက်ပါအချက်အလက်များဖော်ပြပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ အီးမေးလ်လိပ်စာ ptd@mptmail.net.mm သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည် -(က) အမည်( ခ ) မှတ်ပုံတင်အမှတ်( ဂ ) တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့် လိုင်စင်အမှတ်(ဃ)INVOICE (Sca ဖတ်ပြီး Online မှ ပေးပို့နိုင်ပါသည်)( င ) CATALOGUE (Online မှ ပေးပို့နိုင်ပါသည်)