မော်တော်ကားဈေးကွက်တွင် ကားဟောင်းများ အစားထိုး ကားတင်သွင်း ခွင့်ပြုခြင်းနဲ့ မော်တော်ကားသစ် Show Room များ ဖွင့်လာနိုင်လို့ မန္တလေးစက်မှု ဇုန်ထုတ် မော်တော်ကားဈေးကွက်မှာ ထုတ်လုပ်မှု ရပ်နားထားသလောက်နီးပါးရှိ ကြောင်း မော်တော်ယာဉ်ထုတ်လုပ်သူများထံမှ သိရပါတယ်။ ''ကားသစ်တွေ တင်သွင်းလာတော့မယ်ဆိုတော့ လူတွေက စောင့်ဆိုင်းနေ ကြတာ။ စက်မှုဇုန်မှာTRUCK ကားအများဆုံးထုတ်နေတာ။ ပြည်ပကTRUCK တွေဝင်လာရင် ပြည်တွင်းကဈေးနဲ့ယှဉ်ရင် ဈေးနှုန်းကွာခြားနိုင်တဲ့အတွက် စက်မှုဇုန် ထုတ်ကားတွေက ဈေးကွက်မှာ ရပ်သလိုဖြစ်သွားပြီ။ ၁ တန် TRUCK ု ကား လောက်သာ လက်ကျန်ရှိနေလို့ လက်စသတ်နေတာ။ ၂ တန်၊ ၆ တန်၊ ၁၀ တန်ကား တွေက ဈေးကွက်မရောက်သေးဘူး။ ဂျစ်ဈေးကွက်ကတော့ ပျောက်သွားပြီ''လို့ ကားထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။ ကားပါမစ်ကိစ္စသတင်း ထွက်ပေါ်ပြီးနောက် စက်မှုဇုန်ထုတ်မော်တော်ကား ဈေးကွက်မှာ ကျဆင်းသွားခဲ့ရာ ယခင်က ၁ တန် ထရပ်ကားတစ်စီး သိန်း ၁၄၀ ကျပ် ဈေးပေါက်ခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၂၀ တွင် ဝယ်ယူမှုမရှိကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန်တွင် မော်တော်ယာဉ်ထုတ်လုပ်သူ ၂၇ ဦးရှိကြောင်း၊ ယခုအခါလုပ်ငန်းရပ် နားထားရခြင်းကြောင့် အလုပ်သမားများမှာ အခြားလုပ်ငန်း များသို့ ရွေ့လျားသွားကြောင်း သိရပါတယ်။ ၂ တန်ယာဉ်ဈေးမှာ ယခင် ကျပ်သိန်း ၂၅၀ မှ ယခု ကျပ်သိန်း ၁၈၀ ဝန်းကျင်ရှိပြီး၊ ၁၀ ဘီးယာဉ် ကျပ်သိန်း ၈၅၀၊ ၉၀၀ မှ ကျပ်သိန်း ၇၀၀ ထိဈေးကျလာလို့ ထုတ်လုပ်မှုမရှိကြောင်း ဇုန်အတွင်း ဘယ်မောင်းသတ်မှတ်ပြီးနောက် ထုတ်လုပ်မှုနည်းလာကြောင်း သိရပါတယ်။ ဇူးဇူး
Background