ပြည်တွင်းထုတ် မော်တော်ယာဉ် များကို ဘယ်မောင်းထုတ်ရန် သတ်မှတ် ထားခြင်းကြောင့် တင်သွင်းယာဉ်များကို လည်း တစ်တန်းစားတည်း သတ်မှတ်မှ သာ မော်တော်ယာဉ် ထုတ်လုပ်သူများ အတွက် အဆင်ပြေမှာ ဖြစ်ကြောင်း၊ မန္တလေးစက်မှုဇုန် မော်တော်ယာဉ်ထုတ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ''မန္တလေးစက်မှုဇုန်မှာ ကားထုတ် လုပ်တဲ့ လုပ်ငန်းရှင် ၂၇ ဦးရှိတယ်။ ပြည်တွင်းထုတ်တွေကို ဘယ်မောင်းသတ် မှတ်လိုက်တဲ့အတွက် ၁ တန် TRUCK ပဲ ထုတ်လုပ်မှုရှိတယ်။ ဘယ်မောင်း ပြောင်းလိုက်တဲ့အတွက် ဈေးမသတ် မှတ်ရသေးဘူး။ ဘယ် မောင်းဈေးကွက် မှာ တရုတ်ကားပဲရှိတော့ ကားသွင်းလာ ရင် ယှဉ်လို့မရဘူး။ ဇုန်ထုတ်ကားဈေး ကွက် ပျောက်နိုင်တယ်။ ကားထုတ် လုပ်သူတွေအတွက် ထွက်ပေါက် ပေး သင့်တယ်။ စည်းကမ်းနဲ့အတိုင်းအတာ တစ်ခု သတ်မှတ်သင့်တယ်။ ၂၀၁၅ မှာ AFTA ဖြစ်လာတော့မှာဆိုတော့ နိုင်ငံ ခြားကထုတ်တဲ့ ကုမ္ပဏီတွေဝင်လာရင် အခွင့်အရေး နည်းသွားနိုင်တယ်။ ဒီ ဘက်က မယှဉ်နိုင်တောင် ယုံယုံကြည် ကြည်နဲ့ ရှင်သန်နိုင်မယ်ဆို သူတို့နဲ့ လက်တွဲလို့ ရနိုင်တယ်။ ဒီဘက်က လုပ် ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားကဝင်လာ မယ့် ကုမ္ပဏီတွေကအခြေအနေ စောင့် ကြည့်နေတာ။ အဲဒီ့အချိန်ထိ လုပ်ငန်း မပျက်ရပ်တည်နိုင်မှ သူတို့ကလည်း ယုံကြည်မယ်''လို့ အထက်ပါ လုပ်ငန်း ရှင်က ပြောပါတယ်။ ယခုအခါ မော်တော်ယာဉ်လုပ်ငန်း ရှင်များအတွက် နည်းပညာပံ့ပိုးမှု၊ စည်း ကမ်းကျနစွာ လုပ်ကိုင်ခွင့်နဲ့ နိုင်ငံခြားမှ လုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ရာတွင် တစ်ဦးချင်းချိတ်ဆက်မှုထက် နိုင်ငံတော် မှ ချိတ်ဆက်ဆောင်ရွက်ခွင့်ပေးပါက ပို၍ ထိရောက်နိုင်ကြောင်း သိရပါ တယ်။ ကားထုတ်လုပ်သူများမှာ စက် ယန္တရား၊ အလုပ်ရုံနဲ့နည်းပညာ အား နည်း၍ ကြပ်မတ်ဆောင်ရွက်သင့် ကြောင်း ကားထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။ ဇူးဇူး
Background