ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ရာသီအလိုက် လှိုင်လှိုင်ပေါ်မှုနဲ့ ဈေးကွက်အခွင့်အလမ်း ဖြစ်ပေါ်လာမှုကြောင့် စီးထွက်ပမာဏနဲ့ ဈေးနှုန်း နိမ့်/မြင့် ဖြစ်ပေါ်ရခြင်း အား စက်တင်ဘာ တတိယပတ်နဲ့ နောက်ဆုံး တစ်ပတ်အား တစေ့ တစောင်း နှိုင်းယှဉ်လေ့လာတင်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော သီးနှံများ အနက်မှ ပြောင်းဖူးစေ့နဲ့ တညင်းသီး သီးနှံတို့ရဲ့ စီးထွက်ပမာဏနဲ့ ဈေးနှုန်းနိမ့်/မြင့်မှုများ လေ့လာကြည့်ပါက စက်တင်ဘာတတိယပတ် တွင် ပြောင်းစေ့ပိဿာ ၁၃၇၀၀၀ မှ နောက်တစ်ပတ်တွင် ပိဿာ ၂၁၅၀၀၀ စီးထွက်၍ ပိဿာ ၇၈၀၀ စီးထွက်မှုပိုကြောင်း တွေ့ရှိရပါ တယ်။ ဈေးနှုန်းမှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပြောင်းသီးနှံများ လှိုင်လှိုင်ပေါ်နေသော်လည်း ဈေးငြိမ်နေခြင်းမှာ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ ဝယ်လိုအားရှိ၍ဖြစ်ပါတယ်။ ပစ္စည်းများရဲ့ အရည်အသွေးကောင်းရန် လိုပါတယ်လို့ ကုန်စည်ဒိုင်များမှ သိရပါ တယ်။ စက်တင်ဘာနောက်ဆုံးတစ်ပတ်တွင် စီးထွက် ပိဿာ ၂၁၅၀၀၀ ရှိ၍ ဒေသရောင်းဝယ်မှုတန်ဖိုး (Volume of Local Trade) မှာ ကျပ်သိန်း ၆၄၅ ခန့်ရှိကြောင်း လေ့လာလို့ရပါတယ်။ တညင်းသီးရဲ့ စက်တင်ဘာတတိယပတ်တွင် စီးထွက်မှုပိဿာ ၃၇၅၀၀ မှ နောက်ဆုံးတစ်ပတ်တွင် ပိဿာ ၁၃၃၀၀၀ စီးထွက်၍ ပိဿာ ၉၅၀၀၀ စီးထွက်မှုပို၍ ပြည်နယ်တွင်း ရပ်စောက်၊ ရွာငံ၊ လွိုင်လင်၊ ကွန်ဟိန်း ဒေသများမှထွက်ရှိကာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးများသို့ တင်ပို့ကြောင်း သိရှိရပါတယ်။ စိုက် ပျိုးထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများမှာ ကုန်သွယ်မှုငွေပမာဏ များသောကြောင့် အကျိုးအမြတ်များခံစားရမှာ သေချာပါတယ်။ ပြောင်းသည် ရာသီပေါ်သီးနှံဖြစ်၍ တညင်းသီးမှာ နှစ်ရှည်ခံ သီးနှံဖြစ်သဖြင့် ရေတိုရေရှည် အကျိုးရှိရလေအောင် ဝင်ငွေကောင်း သော တညင်းသီးပင် စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါတယ်။ တညင်းသီးဒေသရောင်းဝယ်မှုတန်ဖိုး (Volume of Local Trade) မှာ ကျပ် ၄၉၈ သိန်းခန့်ရှိကြောင်း လေ့လာ၍ရပါတယ်။ ပြည်တွင်းပြည်ပ အလျားအနံ ပြေးလွှားရောင်းဝယ်တဲ့အပြင် ပြည်ပ ဈေးကွက်ဝင်ဆံ့တဲ့ ပြောင်းနဲ့ ပြည်တွင်းဈေးကွက်တွင်သာ ကျင်လည် နေသော တညင်းသီးတို့ရဲ့ ဒေသထုတ်လုပ်မှုတန်ဖိုး နှိုင်းယှဉ်၍ကြည့် ပါက စဉ်းစားစရာဖြစ်လာမှာ သေချာပါတယ်။ စိုက်ပျိုးထုတ်လုပ်သော တောင်သူများ၊ ကုန်သည်ပွဲစားများ အနေဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်သတင်းအချက်အလက်များ သီးနှံရဲ့ဒေသဈေးနဲ့ ဈေးကွက်ဈေးနှုန်းများသိဖို့ လိုပါတယ်။ လုပ် ငန်းတစ်ခုရဲ့အားသာချက်၊ အားနည်းချက်များ ထိန်းကျောင်းတည့်မတ် ရာတွင် သတင်းနဲ့စာရင်း အဓိကဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ လက်ကားကုန်စည်ဒိုင်များ၊ အစုအဖွဲ့များ၊ အသင်းအဖွဲ့ များမှ သတင်းနဲ့စာရင်းအရ ပြောင်းသီးနှံနဲ့ တညင်းသီး သီးနှံအား တစေ့တစောင်း နှိုင်းယှဉ်တင်ပြ အကြံပြုလိုက်ပါတယ်။ ဉာဏ်လင်း၊တောင်ကြီး
Background