Main menu

Background

ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းနေချိန်တွင် ရော်ဘာသိုလှောင်ထားရန် စီစဉ်နေ

Mon, 10/17/2011 - 08:53 -- Anonymous (not verified)

              အောက်တိုဘာ ၁၀ ရက် အာရှရော်ဘာဈေးနှုန်းတွေက အောက်တိုဘာလဆန်းပိုင်းက နှုန်းထား ထက် ပိုမိုအားကောင်း လာတယ်။ ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်ပူပန်မှုများ လျော့ကျသွားခြင်း ၊ ရေနံစိမ်းဈေးနှုန်း ပြန်လည်အားကောင်းလာခြင်းနဲ့ ရော်ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံမှာ ရေကြီးမှုဒဏ်ခံစားနေရခြင်းတို့ကြောင့် ရော်ဘာဈေးနှုန်း ဦးမော့လာတယ်လို့ သိရတယ်။               ဒါကြောင့် ယခင်အပတ် အောက်တိုဘာ ၃ ရက်က တစ်တန်ကို ၄၁၃၆ ဒေါ်လာရှိခဲ့တဲ့ ထိုင်းရော်ဘာ RSS-5 အမျိုးအစားက အောက်တိုဘာ ၁၀ ရက်မှာ တစ်တန်ကို ၄၁၇၀ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ဒါ့အပြင် မလေးရှား ရော်ဘာ ( Standard Malaysia Rubber-SMR 20)  အမျိုးအစားကလည်း တစ်တန်ကို ၄၀၈၉ ဒေါ်လာမှ ၄၁၉၇ ဒသမ ၅၀ ဒေါ်လာအထိ ဈေးမြင့်လာတယ်။ ဒါ့အပြင် ကမ္ဘာ့ရော်ဘာသုံးစွဲမှု အများဆုံး တရုတ်နိုင်ငံက ရော်ဘာဈေးနှုန်းကျဆင်းနေချိန်မှာ ရော်ဘာ ဝယ်ယူသိုလှောင် ထားဖို့ စီစဉ်နေခြင်း ၊ ပြည်တွင်းကားအရောင်းနှုန်း မြင့်မားနေခြင်းကလည်း ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးနေတယ်လို့ သိရပါတယ်။ ပပ၊ Source:rubberboard.org.in, bernama.com