Main menu

Background

အိန္ဒိယအစိုးရက သကြားတင်ပို့ခွင့်ကို နိုဝင်ဘာလအစပိုင်းမှာ ဆုံးဖြတ်မယ်

Mon, 10/17/2011 - 09:33 -- Anonymous (not verified)

                  ပြည်တွင်း ထုတ်လုပ်မှုခန့်မှန်းချက်အပေါ် သုံးသပ်ပြီး ကမ္ဘာ့ဈေးနှုန်းအပေါ် တွက်ချက်ပြီးတဲ့ နိုဝင်ဘာလ ပထမပတ်အတွင်းမှာ ၂၀၁၁-၂၀၁၂ ဈေးကွက်ရာသီအတွင်း သကြားတင်ပို့ခွင့်အပေါ် ဆုံးဖြတ်သွားမယ်လို့ စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။ ၂၀၁၀-၂၀၁၁ ဈေးကွက်ရာသီ (အောက်တိုဘာ - စက်တင်ဘာ)အတွင်း အစိုးရက သကြားတန်ချိန် ၂ ဒသမ ၆ သန်းတင်ပို့ခွင့် ပြုခဲ့ပါတယ်။                         ၂၀၁၁-၂၀၁၂အတွင်း သကြားထုတ်လုပ်မှု ခန့်မှန်းချက်ကို နောက်ရက်အနည်း ငယ်အတွင်း စိုက်ပျိုးရေး ဝန်ကြီး မစ္စတာရှရတ်ပါဝါနဲ့ အစည်းအဝေးပြုလုပ်ပြီး အပြီးသတ်ခန့်မှန်းချက် တွက်ချက်သွားမယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့လက စားနပ်ရိက္ခာဝန်ကြီးက ၂၀၁၀-၂၀၁၁အတွင်း သကြားထုတ်လုပ်မှုကို တန်ချိန် ၂၄ ဒသမ ၃ သန်းထက်ပိုပြီး တန်ချိန် ၂၄ ဒသမ ၆ သန်းကို တိုးမြှင့်ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စားနပ်ရိက္ခာ ဝန်ကြီးရဲ့ ခန့်မှန်းတဲ့ ပမာဏဟာ စိုက်ပျိုးရေး ဝန်ကြီး ခန့်မှန်းထားတဲ့ တန်ချိန် ၂၅ သန်းထက် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် သကြားထုတ်လုပ်မှုကို တန်ချိန် ၂၆ သန်းမှ ၂၆ ဒသမ ၅ သန်းထိ ခန့်မှန်းထားပါတယ်။ ယမင်းခင် Source: Xinhua.com