Main menu

Background

ပဲတီစိမ်း ကာလတူထက် ပိုတင်ပို့နိုင်

Tue, 10/18/2011 - 04:13 -- Anonymous (not verified)

                မူဆယ်နယ်စပ်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကန်ဒေါ်လာ ၅ ဒသမ၈၂၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၇၀၈၃ တန် အပို့ ရှိခဲ့ရာ ယခင်နှစ်ကာလတူထက် ၃၄၆၇ တန် တင်ပို့မှု ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ကန်ဒေါ်လာ၉၆သန်း ကျော် တန်ဖိုးရှိ ပဲတီစိမ်း ၁၀၄၀၈၃ တန်ခန့် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။                  စက်တင်ဘာလတွင် ယခင်နှစ်ကာလတူထက် ပိုမို တင်ပို့နိုင်ခြင်းဟာ တရုတ်မှာ ရာသီဥတုပူပြင်း မှုကြောင့် စားသုံးမှု များပြားလာပြီး ဝယ်လိုအားပိုလာတဲ့အတွက်လို့ သိရပါတယ်။ တရုတ်နိုင်ငံသို့ တင်ပို့သော ပဲတီစိမ်းများကို ဒေသသုံးအဖြစ် တရုတ်နိုင်ငံက ခွင့်ပြုထားတဲ့အတွက် အခွန်ပေး ဆောင်ရမှု လျော့နည်းသဖြင့် ကုန်သည်များအကျိုးအမြတ် ပိုမိုရရှိခြင်း၊ အခွန်နှုန်းထား ကျဆင်းခဲ့ခြင်းတို့ကြောင့် တင်ပို့မှု အားကောင်း လာစေတာလည်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်း လအလိုက် ပြည်တွင်းပဲတီစိမ်း ဈေးနှုန်းများမှာ                         ကျပ်/တန်ဧပြီလ                ၉၀၃၆၂၂မေ            ၉၀၃၆၂၂ - ၉၅၈၀၅၇ဇွန်            ၆၁၅၁၁၇ - ၇၄၀၃၁၇ဇူလိုင်        ၅၄၄၃၅၁ - ၅၈၇၈၉၉သြဂုတ်     ၄၃၅၄၈၀ - ၅၄၄၃၅၁စက်တင်ဘာ ၄၈၀၀၀၀ - ၅၀၀၀၀၀               ဖြစ်ပြီး ပဲတီစိမ်းအကြီးကတော့ သြဂုတ်လနှောင်းပိုင်းမှာ ၁ တန်ကို ၅၉၈၇၈၆ ကျပ်နဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ၅၆၀၀၀၀ ကျပ် အသီးသီးရှိခဲ့ပါတယ်။ ပဲတီစိမ်း (အညာ) ရွှေလီဖက်မြေပြင်ဈေးတွေကို ကြည့်မယ်ဆိုလျှင် ဈေးကတော့ အကျဘက်သွားနေတာတွေ့ရပါတယ်-                         ယွမ်/တန်ဧပြီ             ၇၀၀၀ - ၇၅၀၀မေ              ၈၅၀၀ - ၈၉၀၀ဇွန်              ၇၅၀၀ - ၈၃၀၀ဇူလိုင်          ၆၄၀၀ - ၆၇၀၀သြဂုတ်        ၅၇၀၀ - ၆၁၀၀စက်တင်ဘာ ၅၄၀၀ - ၅၈၀၀                                      Source:နကသ MIRT-DOBT