Main menu

Background

ယခုအပတ်တရုတ်နယ်စပ်မှ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တန် ၇၀၀ ကျော် အပို့ရှိ

Tue, 10/18/2011 - 04:15 -- Anonymous (not verified)

                     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၉၁ သန်း တန်ဖိုးရှိ အေးခဲအမဲသား ၃၉၇ တန်ကျော်၊ အေးခဲကျွဲသား ၆၈ တန်၊ သားရေဆားနယ်အစို တန် ၁၈၀၊ အေးခဲအရိုးလွတ်အမဲ/ကျွဲသား ၂၈ တန်၊ အေးခဲကျွဲဝမ်းတွင်းသား ၂၈ တန်ကျော် နဲ့ အမဲခြောက် သုညဒသမ ၈၂၅ တန်ကိုအောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ယခုအပတ်မှာ အမယ်စုံတင်ပို့နိုင်ပြီး တန်ချိန်အားဖြင့်လည်း ၁၂၅ တန်ခန့် တင်ပို့မှုပိုမိုခဲ့တယ်လို့သိရပါတယ်။ တစ်မျိုးချင်းကြည့်မယ်ဆိုလျှင် မူဆယ်မှ အေးခဲအမဲသား၊ အေးခဲကျွဲသားတို့ အပို့လျော့ခဲ့ပေမဲ့ ချင်းရွှေဟော်မှ အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာကျွဲနွားသားရေဆားနယ်အစို ၊ အေးခဲအရိုးလွတ်အမဲ/ကျွဲသား၊ အမဲခြောက်နဲ့ အေးခဲကျွဲဝမ်းတွင်းသားများ တင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT-DOBT