Main menu

Background

ယခုအပတ် မူဆယ်နယ်စပ်မှ ငါးသလောက်အပို့ရှိ

Tue, 10/18/2011 - 04:20 -- Anonymous (not verified)

                      အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ငါးသလောက် ၂၉ တန်ကျော် ၊ ငါးရှဉ့် ၃၆၆ တန်ခန့်၊ ကဏန်း ၁၁၅ တန်ခန့်၊ ရေငန်ငါးမျိုးစုံ ၈၂ တန်နဲ့ ငါးဆားနယ် ၅၇ တန်ကျော်၊ ချင်းရွှေဟော် နယ်စပ်မှ ကဏန်း ၁၂ တန်ခန့်နဲ့ မောင်တောနယ်စပ်မှ ရေငန်ပုစွန် တန် ၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ စုစုပေါင်း နယ်စပ်မှ ရေထွက်ကုန် တန် ၆၈၀ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၁၈ သန်းဖိုး တင်ပို့နိုင် ခဲ့တာဖြစ်ပါတယ်။                       ယခုအပတ်မူဆယ်မှ ငါးရှဉ့်နဲ့ရေငန်ငါးမျိုးစုံ အပို့ပိုခဲ့ပြီး ကဏန်းနဲ့ ငါးဆားနယ် အပို့လျော့ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ ကဏန်း တင်ပို့မှုမှာ ယခင်အပတ်တင်ပို့မှုနဲ့ သိသိသာသာပြောင်းလဲမှုမရှိပါဘူး။ မိမိဘက်မှာရော တစ်ဘက် နိုင်ငံမှာပါ ငါးရှဉ့်နဲ့ ကဏန်းဈေးများ ယခင်အပတ်ထက် ဈေးမြင့်လျက်ရှိပါတယ်။ ငါးရှဉ့်ဈေးဟာ ၃ ရာခိုင်နှုန်းနဲ့ ကဏန်းဈေး ကတော့ အရွယ်အစားအလိုက် ၁၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်း ဈေးမြင့်တက်နေတာဖြစ်ပါတယ်။ ငါးရှဉ့် တစ်တန်ကို မိမိဘက် ကျပ် ၂ ဒသမ ၄၅ သန်းနဲ့ တစ်ဘက်နိုင်ငံမှာ ဒေါ်လာ ၂၆၅၀ ရှိပြီၤး၊ ကဏန်းတစ်တန် ဈေးကအနိမ့် ကျပ် ၂ ဒသမ ၈၈၁ သန်း (ဒေါ်လာ ၃၅၆၀) မှ အမြင့် ကျပ် ၃ ဒသမ ၃၂၆ သန်း (၄၁၁၀ ဒေါ်လာ) ဈေးဖြစ်ပေါ်လျက် ရှိပါတယ်။ MIRT-DOBT