Main menu

Background

စက္ကူကြိုးမျှင်အား ပန်းချိုးပုံဖော် စက္ကူအိတ်ချိုး CMP လက်မှုလုပ်ငန်း

Tue, 10/18/2011 - 06:20 -- Anonymous (not verified)

                       ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး သာရေး၊ နာရေး၊ လူမှုရေးကိစ္စ အကျိုးအကြောင်းစုံလင်ကို စာနဲ့ ရေးသားဆက်သွယ်တဲ့အခါ စက္ကူ စာအိတ်နဲ့ထည့်ပြီး ဆက်သွယ်ကြတဲ့ ဓလေ့က နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အဲဒီမှာ စက္ကူကို စနစ်တကျအိတ်ချိုးပြီး စာအိတ်လုပ်ရောင်းတဲ့ သာမန် လုပ်ငန်း တစ်ခုအနေနဲ့သိခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးခြားတာက ဂျပန်နိုင်ငံမှာ အထက်မှာ ဖော်ပြခဲ့တဲ့ အချင်းချင်းဆက်သွယ် စက္ကူ စာအိတ်လေးများအပြင် မင်္ဂလာ လက်ဖွဲ့ လှူရေး၊ တန်းရေး၊ နှစ်သစ်ကူးမင်္ဂလာစတဲ့ အလှူမင်္ဂလာ ထောက်ပံ့ တဲ့ ငွေထည့်စာအိတ်၊ ဆေးရုံတွင် တက် ရောက်နေတဲ့ လူနာများအတွက် ထောက်ပံ့ငွေထည့်စာအိတ်၊ နာရေး ကိစ္စများအတွက် ထောက်ပံ့ငွေ ထည့်စာအိတ်၊ ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရ ဝန်ထမ်းများ ရာထူးတိုးမြှင့်တဲ့ အခါ ထောက်ပံ့ငွေထည့် စာအိတ်ဆိုပြီး အမျိုးမျိုးမတူညီ ကွဲပြားတဲ့ စာအိတ် အမှတ်အသားပုံဖော်ထားတဲ့ သင်္ကေတများ ခွဲခြားထားကြ ပါတယ်။ ၎င်းင်းစာ အိတ်ပေါ်မှာ ပုံဖော်ထားတဲ့သင်္ကေတ အမှတ်အသား၊ အနုပညာလုပ်ငန်းဟာ သူတို့နိုင်ငံမှာ တွင်ကျယ်စွာ လုပ်ကိုင်နေ ကြပါတယ်။                    ဂျပန်နိုင်ငံမှာ စက္ကူကြိုးမျှင် ပန်းချိုး ပုံဖော်ထားတဲ့ စက္ကူစာအိတ်ချိုး လုပ်ငန်းက ဝယ်လိုအားကောင်းပြီး၊ အောင်မြင်လာတဲ့အတွက် တိုးချဲ့လုပ်ကိုင်ရန် နေရာအခက်အခဲနဲ့ လုပ်သား အင်အား အခက်အခဲရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း မြေနေရာနဲ့ လုပ်သား စရိတ်သက်သာတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ဦးမှ အဲဒီအတတ် ပညာကို ဂျပန်တွင်သင်ယူခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်မှာ "နေ" လက်မှုပညာ ကုမ္ပဏီ လီမိတက် တည်ထောင်ပြီး လုပ်သား အင်အား ၇၀ ကျော်နဲ့ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှာ လုပ်ငန်း စတင်ခဲ့တာအောင်မြင်မှုအတိုင်းအတာ တစ်ခု ရရှိနေပါပြီ။                      ''ကျွန်တော်တို့ကုမ္ပဏီဟာ ဂျပန် နိုင်ငံနဲ့ဆက်သွယ်ဆောင်ရွက်ပြီး၊ ကုန်ကြမ်းဖြစ်တဲ့ စက္ကူကြိုးမျှင် (ရောင်စုံ) များနဲ့စာအိတ်စက္ကူများကို ဂျပန်ကတင် သွင်းပါတယ်။ကျွန်တော်တို့က ရောင်စုံ ကြိုးမျှင်လေးများကို ပန်းချိုးပုံဖော်ပြီး၊ စက္ကူစာအိတ်ပေါ်မှာ တပ်ဆင်ပေးရပါတယ်။ စာအိတ်ပေါ်မှာ သတ်မှတ်ထား တဲ့ ပန်းချိုးပုံဖော် သင်္ကေတများကို ကွက်တိဝင်အောင်ပုံဖော်ပြီး၊ CMP လုပ်ခစားစနစ်ဖြင့်ပြုလုပ်ပြီးနောက် ဂျပန်နိုင်ငံသို့ ပင်လယ် ရေကြောင်းမှ တင်ပို့ ပေးပါတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ စက္ကူကြိုးမျှင် ရောင်စုံများကို အလှဆင်ထား တဲ့ သတ်မှတ် စာအိတ်ထဲကို ငွေကြေး ထောက်ပံ့မှုနဲ့ပတ်သက်လို့၊ မင်္ဂလာ လက်ဖွဲ့ငွေ၊ ဆေးရုံတက်နေတဲ့ လူနာရှင် ထောက်ပံ့ငွေ၊ နာရေးအတွက် ကူညီထောက်ပံ့ငွေ၊ ဝန်ထမ်းများ ရာထူး တိုးမြှင့်တဲ့အခါ ချီးမြှင့်ထောက် ပံ့ငွေ စသည်များကို ပေးတဲ့နေရာမှာ စက္ကူ အိတ်ပေါ်မှာ သတ်မှတ်ထားတဲ့ သင်္ကေတ ပုံလေးတွေပါတဲ့ စာအိတ်ထဲ သို့ထည့်ပြီး ပေးကြတဲ့ဓလေ့ ရှိကြပါတယ်။ အဲဒီပုံဖော်ထားတဲ့ စာအိတ် လုပ်ငန်းကို ကျွန်တော်တို့ သင်ယူခဲ့ပြီး၊ မြေနေရာနဲ့ လုပ်သား စရိတ်သက်သာ တဲ့ မန္တလေးကိုရွေး ချယ်ပြီးဆောင်ရွက် ခဲ့တာကြောင့် ဒေသတွင်း လုပ်သား များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမို ရရှိခြင်းနဲ့ လက်မှုပညာ အသစ်တစ်ရပ်လည်း တတ်မြောက် လာကြပါတယ်။ ဒီနေ့အထိ ဂျပန်ကို ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့်ပို့ တာ ၂ ခေါက်ရှိပါပြီ။ တစ်ခေါက်ကို ၆ တန်ဆန့် ကွန်တိန်နာ တစ်စီးအတွင်း စက္ကူကြိုးမျှင် ပန်းချိုးပုံဖော် စာအိတ် များကို ဂျပ်ဖာများနဲ့ စနစ်တကျစီ ထပ်တင်ပို့ကြပါတယ်။ စာအိတ်တစ် အိတ်ကို ပုံဖော်ပေးတဲ့ လက်ခကတော့ ပျမ်းမျှတစ်ခုကို သုည ဒသမ ၀၀၂၉၅ ဒေါ်လာရရှိပါတယ်" လို့ တစ်ဖက် တစ် လမ်းက နိုင်ငံခြားငွေ ရရှိအောင် ရှာ ဖွေပေးနေတဲ့ "နေ" လက်မှု ပညာ ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက် တာ ဦးနိုင်ဝင်းအောင်ရဲ့ ပြောကြားချက် များကို ဖော်ပြလိုက်ရပါတယ်။ ကျော်ဦး