ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုလားကွဲကျေးရွာအုပ်စု၊ ပြင်ဦးလွင်နှင့် မိုးကုတ်ကားလမ်းရှိ ၄၂ မိုင်တိုင်တွင် မွေးမြူရေးဇုန်သစ် တစ်နေရာ ဖော်ထုတ်မည်ဖြစ်ကြောင်း သိရပါတယ်။ အသစ်ဖော်ထုတ်မယ့် မွေးမြူရေးဇုန် ဧရိယာမှာ ဧက ၂၅၀၀ အကျယ်အဝန်း ရှိကြောင်းသိရပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်ကြီးက " မွေးမြူရေးဇုန်မှာ အသားစားနွားနဲ့ နို့စားနွား မွေးမြူသင့်တယ်။ မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူရေးဇုန် မှာ မွေးမြူရေးလုပ်မယ်ဆို လိုအပ်တဲ့ နည်းပညာ၊ မျိုးစပ်ခြင်းများ ကူညီပေး မယ်။ ပြည်တွင်းမှာ နှစ်စဉ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တင်သွင်းနေရတဲ့အတွက် နို့စား နွားဖွံ့ဖြိုးမှ ပြည်ပသွင်းကုန် လျော့နည်း မယ်။ ပြည်ပကို အမဲသား အများဆုံး တင်ပို့နေရတဲ့အတွက် အသားစားနွား များများမွေးမယ်ဆို တရုတ်နဲ့ အရှေ့ အလယ်ပိုင်းဒေသတွေကို အေးခဲအမဲ သား တိုးပြီးတင်ပို့နိုင်မှာဖြစ်တယ်။ ဒါ ကြောင့် မွေးမြူရေးဇုန်သစ် တစ်နေရာ ဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်သင့်တယ် "လို့ ပြောပါတယ်။ မွေးမြူရေးဇုန်သစ် ဖော်ထုတ်မယ့် နေရာမှာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နေရာရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများ မှာ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး
Background