Main menu

Background

တရုတ်သို့ ဆေးရွက်ကြီး တင်ပို့တော့ မည့် အိန္ဒိယ

Tue, 10/18/2011 - 06:37 -- Anonymous (not verified)

                   ယခုနှစ်မှာ အိန္ဒိယက တရုတ်ကို ဆေးရွက်ကြီးတင်ပို့ဖို့အသင့်ဖြစ်ပြီဖြစ်ကြောင်း ပြောကြားလိုက်တယ်။ အိန္ဒိယနဲ့ တရုတ်အကြား ကုန်သွယ်ရေးက (၁၂)နှစ်ကြာ ကင်းကွာပြီးနောက် ပြန်လည်စတင်ခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဆေးရွက်ကြီးဘုတ် အဖွဲ့က တရုတ်နိုင်ငံအစိုးရအဖွဲ့မှ ဆေးရွက်ကြီးနမူနာတွေ ရှာဖွေနေခြင်းကို ချိတ် ဆက်မိခဲ့တယ်။                     ၎င်းကိစ္စက အိန္ဒိယ ဆေးလိပ်ထုတ်လုပ်သူများအသင်း Indian Tobacco Association (ITA) ကိုယ်စားလှယ်အဖွဲ့က တရုတ်ကို သွားရောက်လည်ပတ်ခဲ့ပြီး နောက် အောင်မြင်မှုရလဒ်ဖြစ်တယ်။ ITA ကိုယ်စားလှယ် အဖွဲ့ကို ဆေးရွက်ကြီး ဘုတ်အဖွဲ့ဥက္ကဋ္ဌ  Kamalavardhana Rao  ခေါင်းဆောင်ကာ စက်တင်ဘာ ၂၅ ရက်မှ ၃၀ ရက်အတွင်း အလည်သွားခဲ့ခြင်းဖြစ်တယ်။ အိန္ဒိယကိုယ်စားလှယ် အဖွဲ့က တရုတ်နိုင်ငံ State Trade Monopoly Administration (STMA) အဖွဲ့နဲ့တွေ့ဆုံခဲ့ကာ အိန္ဒိယမှဆေးရွက်ကြီးတင်သွင်းရေးကိုဆွေးနွေးခဲ့ကြပြီး STMA ကိုယ်စားလှယ်တွေကို ကုန်သွယ်ရေးအသစ် ပြန်လည်ထူထောင်ဖို့ သဘောတူညီခဲ့ တယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ တရုတ်ကို နမူနာတွေ တင်ပို့ သွားမှာဖြစ်ကြောင်း သိရှိရတယ်။ အိန္ဒိယနိုင်ငံ ဆေးရွက်ကြီးဘုတ် အဖွဲ့က ဇင်ဘာဘွေထက်ချိုသာတဲ့ဈေးနှုန်းနဲ့ ဆေးရွက်ကြီးမှပြုလုပ်တဲ့ ဆေးလိပ်ဆေးတံတင်ပို့သွားဖို့ သဘောတူညီ ခဲ့တယ်။                         အိန္ဒိယဆေးရွက်ကြီး ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်ကို တင်ပို့ လျက်ရှိပြီး တရုတ်က ကမ္ဘာမှာ အများဆုံးတင်သွင်းသူဖြစ်ရာ အိန္ဒိယက တရုတ်နဲ့ ကုန်သွယ်မှု ပြန်လည်တည်ဆောက်လိုခြင်းဖြစ်တယ်။ လာမယ့်ရာသီမှာ တရုတ်မှ ကုန်အမှာတွေရရှိဖို့ မျှော်မှန်းထားကြောင်းနဲ့ ဆေးရွက်ကြီး အနည်းဆုံး ကီလိုဂရမ် ၁၀ သန်းကိုတင်ပို့ဖို့ရည်မှန်းထားကြောင်း Rao  က ပြော ကြားလိုက်တယ်။အိန္ဒိယ နိုင်ငံ ဆေးရွက်ကြီးဘုတ်အဖွဲ့က Andhra Pradesh  ပြည်နယ်မှာ ၂၀၁၂-၂၀၁၃ ရာသီချိန်မှာ ဆေးရွက်ကြီး ကီလိုဂရမ် ၁၆၂ သန်းထွက်ရှိဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။  Source:www.business-standard.com, AMML