Main menu

Background

ကထိန်ရာသီအတွက် မန်းစောင်ဈေးကွက်

Tue, 10/18/2011 - 06:42 -- Anonymous (not verified)

                 ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် မန္တလေးမြို့တွင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲတော်ကို စည်စည်ကားကား ကျင်းပတာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါတယ်။ ယခုလိုရာသီမှာ ဘုန်းတော်ကြီးကျောင်းများအတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ ရဟန်းသံဃာများအသုံးပြုရန်အတွက် စောင်၊ ခြင်ထောင်၊ တဘက်စတဲ့ ပစ္စည်းများကို လှူဖွယ်ပစ္စည်း အဖြစ် လှူဒါန်းကြ ပါတယ်။                ဈေးကွက်မှာဝင်ရောက်နေတဲ့ အိတ်၊ စောင်၊ ခြင်ထောင်၊ တဘက် ကြီး၊ သေးတို့ကို တရုတ်နဲ့ ထိုင်းပစ္စည်းများ ရောင်းဝယ်မှုအားကောင်းနေပါတယ်။ ဈေးနှုန်းဈေးကွက် အနေနဲ့ တစ်ယောက်အိပ်စောင် ၁ ထည်ကို ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ နှစ်ယောက်အိပ် ၁ထည်ကို ၁၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ အသားထူ၊ အပါးကို မူတည်ရောင်းပါတယ်။ တဘက်မှာ လည်း ချည်သား၊ စီလွန်သားရှိပြီး၊ ချည်သား တဘက်တစ်ထည် ခြုံစောင်အဖြစ်အသုံးပြုတဲ့အကြီး ၄၅၀၀ ကျပ်မှ ၉၀၀၀ကျပ်၊ စီလွန်ထည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိရှိပြီး၊ မျက်နှာသုတ် တဘက်များကတော့ တစ်ထည်ကို ၈၀၀ ကျပ်မှ ၃၀၀၀ ကျပ် အစားစားရှိပါတယ်။ တဘက်အသေးကတော့ ၁ ထည်ကို ၂၅၀ ကျပ်မှ ၅၀၀ ကျပ်ထိရှိကြောင်း၊ မန္တလေးမြို့တွင် ယခုလိုရာသီ ချိန်မှာ အရောင်းအဝယ်သွက်ကာ တန်ခူးလရာသီအထိ ရောင်းဝယ်မှုအားကောင်းနေတယ်လို့ သိရပါတယ်။ ယဉ်ယဉ်အေး