မိုးစပါး ကောက်စောထွက်ပြီ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရှိ သာယာဝတီ၊ လက်ပံတန်း၊ ကြို့ပင် ကောက်၊ ဇီးကုန်း၊ နတ်တလင်းမြို့ နယ်များမှ ကောက်စောစပါးများ စတင်ထွက်ရှိပြီဖြစ်ပါတယ်။ ကောက်စောပေါ်ချိန် စပါးဈေးအေးတာကြောင့် တောင်သူများက စပါးဈေးအကျဘက်ရောက်နိုင်သဖြင့် ချက်ချင်းရိတ်၊ ချက်ချင်းေ>ခ၊ ချက်ချင်းရောင်းလျက် ရှိပါတယ်။ စပါးဈေးကတော့ စပါးတင်းတစ်ရာလျှင် ကျပ် ၂၉၀၀၀၀ မှ ၃၂၀၀၀၀ တွင်ရှိကြောင်းနှင့် စပါးမျိုးများကတော့ ရတနာတိုး MR-9 နှင့် ဆင်းသုခစပါးများဖြစ်ပြီး တစ်ဧက ၆၅ တင်းနှင့်အထက် ထွက်ရှိကြောင်းနှင့် ကောက်စော ဧက ၃၀၀ ခန့်ရိတ်သိမ်းပြီးကြောင်း သိရှိရပါတယ်။ ကျော်သူ
