Main menu

Background

ထိုင်းနိုင်ငံတွင် တိုယိုတာ ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်း

Tue, 10/18/2011 - 06:47 -- Anonymous (not verified)

                    ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဆုံး ဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပစ္စည်း ပေးသွင်းမှုတွေအပေါ်မှာ ဂယက်ရိုက်ခတ်မှုရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ စက်ရုံသုံးရုံကိုအနည်းဆုံး အောက်တို ဘာ ၁၅ ရက်အထိ ရပ်ထားရမယ်လို့ တိုယိုတာကုမ္ပဏီက အောက်တိုဘာ ၁၂ ရက်က ပြောပါတယ်။ ဆမ်ရောင်း၊ ဂိတ်ဝေးနဲ့ ဘန်ဖိုစက်ရုံတွေက ရေတိုက်ရိုက်လွှမ်းမိုးမှု မဖြစ် ခဲ့ပေမဲ့ ပစ္စည်းပေးသွင်းရသူတွေထံမှ နှောင့်နှေးမှုတွေရှိခဲ့တယ်လို့ တိုယိုတာက ပြောပါတယ်။                 စက်ရုံသုံးရုံကစက်လည်ပတ်လုပ်ငန်းတွေကို အောက် တိုဘာ ၁၀ ရက်က စတင်ရပ်တန့်ခဲ့ရပြီး အောက်တိုဘာ ၁၅ ရက်မနက်အထိ ရပ်တန့်ထားရမှာဖြစ်ပါတယ်။ အဲဒီ ကျမှ နောက်ထပ်ဘာဆက်လုပ်ရမယ်ဆိုတာကို ကုမ္ပဏီ ကဆုံးဖြတ်မယ်လို့ပြောပါတယ်။ ဒီစက်ရုံသုံးခုက ထုတ်လုပ် ပေးတာက တစ်နှစ်ကိုစီးရေ ၆၅၀၀၀၀ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်က စီးရေ ၆၃၀၀၀၀ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ "နောက်ဆုံးပိတ်ထုတ်လုပ်မှုရပ်ဆိုင်းချိန်မှာ ကားစီး ရေ ဘယ်လောက်ကျဆင်းမယ်ဆိုတာကို မပြောနိုင်သေး ပါဘူး" လို့ ကုမ္ပဏီကဆိုပါတယ်။ အောက်တိုဘာ ၁၁ ရက် က တိုကျိုမှာတိုယိုတာရှယ်ယာတွေ သုည ဒသမ ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ထူးထူးကဲကဲ ရွာသွန်းတဲ့ မုတ်သုံမိုးကြောင့် ဒုက္ခရောက်နေသူတွေကို အာဏာပိုင် တွေကကယ်တင်နေချိန်မှာ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက် နမ်မှာ လူရာပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ Source.AFP