Main menu

Background

အီးယူကြွေးမြီအကျပ်အတည်း ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်ရွှေ့

Tue, 10/18/2011 - 06:49 -- Anonymous (not verified)

                ယူရိုဇုန်ကြွေးမြီအကျပ်အတည်းကို တုံ့ပြန်ရာမှာ ဥရောပခေါင်းဆောင်များအား အချိန်ပိုမိုပေးနိုင်ဖို့အတွက် ထိပ်သီးဆွေးနွေးပွဲကို တစ်ပတ်ခန့်ခွာပြီး အောက်တိုဘာ ၂၃ ရက်မှာ ကျင်းပဖို့ ဥရောပသမဂ္ဂ (အီးယူ)က သတ်မှတ်ခဲ့တယ်လို့ အီးယူ ဥက္ကဌက အောက်တိုဘာ ၁၁ ရက်က ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၁၇-၁၈ ရက်မှာဘရပ်ဆဲမြို့မှာနှစ်ရက်ကြာကျင်းပဖို့ မူလကသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ယူရိုဇုန်က ဇူလိုင်ကတည်းက အတည်ပြုထားပြီးဖြစ်တဲ့ ဂရိကယ်တင်ရေး အစီအစဉ်ကို အကောင်အထည်မဖော်ရသေးပါဘူး။ ဥရောပအရာရှိတွေ က ဘဏ်များကိုကျားကန်ပေးနိုင်ဖို့ အတွက် အစီအမံများကိုစဉ်းစားချမှတ်လျက် ရှိပါတယ်။ ယခင်ရက်သတ္တပတ် က ဥရောပကော်မရှင်ဥက္ကဌ လူဇင်ဘတ်ဝန်ကြီးချုပ် ယွန်းကလော့ဂျန်ကာတို့နဲ့ တွေ့ဆုံ ညှိနှိုင်းပြီးတဲ့နောက် ဆွေးနွေးပွဲကို ပြုလုပ်သွားတော့မှာဖြစ်ကြောင်း ဥရောပသမဂ္ဂဥက္ကဌ ဟာမန်ဗန်ရွမ်ပိုင်က ပြောပါတယ်။                 နောက်ထပ်အထိတ်တလန့်ဖြစ်မှုတွေနဲ့ ကြုံတွေ့တဲ့အခါ ယူရိုငွေကြေးကို အကာအကွယ်ပေးနိုင်ဖို့အတွက် ကယ်တင်မှုရန်ပုံငွေကို ပါဝါတိုးချဲ့ပေးနိုင်ဖို့နဲ့ ဂရိနိုင်ငံ အတွက် ဒုတိယအကြိမ်ကယ်တင်မှုရန်ပုံငွေကိုပေးရန် ယူရိုဇုန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြပါတယ်။                   ဇူလိုင် ၂၁ ရက် သဘောတူညီချက်အရ ယူရိုဇုန်အစိုးရများက ကယ်တင်မှုချေးငွေ အသစ်အဖြစ် ယူရို ၁၀၉ ဘီလီယံကို ထုတ်ပေးဖို့နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ပုဂ္ဂလိက ကဏ္ဍလက်ဝယ်ရှိ ဂရိဘွန်းစာချုပ်တွေကို ၂၁ ရာခိုင်နှုန်းအထိ လျှော့ချပေးရမှာ ဖြစ်ပါတယ်။ Source.AF