Main menu

Background

၂၀၁၃ ခုနှစ်မှာ အာရှအမှုဆောင်တို့ရဲ့ လစာကအမေရိကန်အမှုဆောင်တို့ထက် သာလွန်မည်

Tue, 10/18/2011 - 06:54 -- Anonymous (not verified)

                အနောက်ဥရောပနိုင်ငံတွေနဲ့ မြောက်အမေရိကမှာ လစာအတိုးရပ်တန့်နေချိန်မှာ ထွန်းသစ်စဈေးကွက် တွေမှာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိပါတယ်။ ဒီအခြေအနေက အာရှနိုင်ငံတွေမှာရှိတဲ့ အမှုဆောင်အရာရှိတွေရဲ့ လစာကို ဥရောပမှာ ရှိတာထက်သာလွန်အောင် တွန်းအားပေးနေပါတယ်။ ဒါပေမဲ့ ရေရှည်တည်တံ့မှုရှိမရှိက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်တဲ့ Mercer ကပြောပါတယ်။                  "၂၀၁၀ ပြည့်နှစ်က အာရှဒေသမှာရှိတဲ့ အမှုဆောင် အရာရှိတွေရဲ့ လစာကဥရောပမှာရှိတဲ့ အမှုဆောင် အရာရှိတွေထက်သာလွန်ခဲ့ပါတယ်။ အမေရိကန်ပြည် ထောင်စုမှာရှိတဲ့ အမှုဆောင်အရာရှိတွေထက်တော့ ၂၀၁၃ ခုနှစ်မှသာလွန်လိမ့်မယ်" လို့ Mercer ကထုတ်ပြန် တဲ့ "ကမ္ဘာ့အမှုဆောင်အရာရှိ လစာအလားအလာ" အစီရင်ခံစာမှာ ဖော်ပြထားတယ်။                 ဒါပေမဲ့ အာရှဒေသကပေးနေတဲ့ လုပ်ခလစာရဲ့ နောက်ကွယ်မှာ ငွေကြေးဖောင်းပွမှုဆိုင်ရာ စွန့်စားမှု အန္တရာယ်တွေရှိနေပြီး ပူဖောင်းသဖွယ်ဖောင်းပွလာခြင်း၊ လစာနဲ့ လုပ်ဆောင်မှုမကိုက်ညီခြင်းနဲ့ ကုမ္ပဏီလစာဖွဲ့ စည်းတည်ဆောက်မှုပုံသဏ္ဌာန်ပျက်ယွင်းခြင်းစတဲ့ ပြဿနာ တွေရှိနိုင်တယ်လို့ သတိပေးထားပါတယ်။ အမှုဆောင် အရာရှိတစ်ယောက်နှစ်စဉ်ရတဲ့ ပျမ်းမျှလစာက အာရှမှာ ၁၈၉ ၈၀၉ ဒေါ်လာ၊ အမေရိကမှာ ၂၀၂ ၀၆၇ ဒေါ်လာနဲ့ ဥရောပမှာ ၁၆၇ ၄၂၄ ဒေါ်လာ ရှိပါတယ်။ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ သီရိလင်္ကာတို့မှာ လစာ ၆ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။                  ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ လစာတိုးတက်နှုန်း ၃ ရာခိုင်နှုန်း ရှိတဲ့ အမေရိကန်ပြည်ထောင်စုက အမှုဆောင်တွေရဲ့ လစာကိုအမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ Source.economictimes,indiatimes.com