Main menu

Background

အမေရိကန်ပညာရှင်နှစ်ဦး စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ

Tue, 10/18/2011 - 06:58 -- Anonymous (not verified)

                   အမေရိကန်စီးပွားရေးပညာရှင်နှစ်ဦးဖြစ်တဲ့ ခရစ်တိုဖာဆင်းနဲ့ သောမတ်ဆာဂျင့်တို့ နှစ်ဦးက ယခုနှစ်အတွက် စီးပွားရေးဆိုင်ရာနိုဘယ်ဆုကို ရရှိကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ သူတို့ရရှိတဲ့ သုတေသနစာတမ်းက ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအတွက် အဖြေများကို ရှာဖွေဖော်ထုတ်ရာမှာ ဗဟိုဘဏ် လုပ်ငန်းရှင်များနဲ့ မူဝါဒရေးဆွဲသူများအတွက် လမ်းညွှန်သဖွယ်ဖြစ်စေပါတယ်။ ဆုရရှိသူအမေရိကန် နှစ်ဦးက အသက် ၆၈ ရှိကြပြီ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ အစိုးရမူဝါဒတွေအကြားဖြစ်ပေါ်နေတဲ့ ကြောင်းကျိုးဆက်နွယ်မှုကို ၁၉၇၀ ပြည့်လွန်နှစ်များနဲ့ ၁၉၈၀ ပြည့်လွန်နှစ်များတွင် သူတို့ဆောင်ရွက်ခဲ့တဲ့ သုတေသနလုပ်ငန်းအတွက် သူတို့နှစ်ဦးအား နိုဘယ်ဆုကို ချီးမြှင့်ခဲ့ တာ ဖြစ်ပါတယ်။                 ဆင်းကပရင့်စတန်တက္ကသိုလ်ကဖြစ်ပြီး ဆာဂျင့်က နယူးယောက်တက္ကသိုလ် ပါမောက္ခနဲ့ ပရင့်စတန် တက္ကသိုလ် ရဲ့ ဧည့်ပါမောက္ခဖြစ်ပါတယ်။ နိုဘယ်ဆုရ စီးပွားရေး ပညာရှင်နှစ်ဦးကသူတို့သုတေသနလုပ်ငန်း အတော်များများကို သီးခြားစီနှစ်ပေါင်း များ စွာ ပြုစုခဲ့တာဖြစ်ပါတယ်။ အတိုးနှုန်းတွေနဲ့ အခွန်ကောက် တွေပြောင်းလဲမှုက စီးပွားရေးကြီးထွားမှုနဲ့ ငွေကြေးဖောင်း ပွမှုအပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်နိုင်မဲ့ နည်းလမ်း တွေကို ပေးခဲ့ပါတယ်။ (နှစ်ဦးစလုံး)ဟားဗတ်တက္ကသိုလ် ကျောင်းထွက်ဖြစ် တဲ့ ဆာဂျင်နဲ့ဆင်းတို့ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်း က မိတ်ဆွေတွေ ဖြစ်ပါတယ်။                  စီးပွားရေးဆိုင်ရာ နိုဘယ်ဆုက ၁၈၅၉ ခုနှစ် နိုဘယ်ရဲ့ သေတမ်းစာအရ ထူထောင်ခဲ့တဲ့ဆုထဲမှာ ပါဝင် ခြင်း မရှိပါဘူး။ ၁၉၆၈ ခုနှစ်ရောက်မှ ဆွီဒင် ဗဟိုဘဏ်က ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ Source.AFP