Main menu

Background

iPhone 4S ကြိုတင်အမှာစာ ၂၄ နာရီ အတွင်း တစ်သန်းရှိ

Tue, 10/18/2011 - 07:02 -- Anonymous (not verified)

                iPhone 4S  အမှာစာက ပထမ ၂၄ နာရီအတွင်း တစ်သန်းရှိသွားတယ်လို့ အက်ပဲက အောက်တိုဘာ ၁၀ ရက်က ပြောပါတယ်။ ဗီဒီယိုနဲ့ ဓါတ်ပုံစွမ်းဆောင်ရည်တွေ က ရှေ့ကထွက်ပြီးဖြစ်တဲ့ ပစ္စည်းတွေထက်ပိုမိုကောင်း မွန်တဲ့အတွက်  iPhone 4S အတွက် ကမ္ဘာတစ်ဝန်းမှ ကြိုတင်အမှာစာက စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ကုမ္ပဏီ က ပြောပါတယ်။                မင်မိုရီစွမ်းအားပေါ်မူတည်ပြီး စမတ်ဖုန်းတွေကို ၁၉၉ ဒေါ်လာနဲ့ ၃၉၉ ဒေါ်လာအကြားရောင်းချမှာဖြစ်ပြီး အမေ ရိကန်ပြည်ထောင်စုမှာ အောက်တိုဘာ ၁၄ ရက်ကစပြီး အက်ပဲစတိုးဆိုင်တွေမှာ ရနိုင်ပါတယ်။ အက်ပဲကို ပူးတွဲ ထူထောင်ခဲ့သူစတိဂျော့မကွယ်လွန်မီ ၁ရက်အလို အောက်တိုဘာ ၄ ရက်မှာ ပွဲဦးထွက်ရောင်းချခဲ့ တာဖြစ်ပါတယ်။ ကျန်းမာရေးညံ့နေတဲ့အတွက် စတိဂျော့က ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ဘဝမှ သြဂုတ်လမှာ နုတ်ထွက်ခဲ့ပြီး သူ့နေရာမှာ တင်မ်ကွပ်ကိုအစားထိုးခဲ့ပါတယ်။ Source.AFP