Main menu

Background

ဖစ်ချ်အေဂျင်စီက ဥရောပဘဏ် သုံးခုကိုအဆင့်လျှော့

Tue, 10/18/2011 - 07:09 -- Anonymous (not verified)

                ကြွေးမြီအဆင့်သတ်မှတ်ရေးအေ ဂျင်စီဖစ်ချ်က ဥရောပဘဏ်သုံးခု ကို ကြွေးမြီအဆင့်လျှော့ချခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများကိုလည်း စောင့်ကြည့်ရမဲ့ စာရင်းမှာထည့်သွင်းခဲ့ ပါ တယ်။ ဗြိတိသျှဘဏ်များဖြစ်တဲ့ ယူဘီအက်စ်ဘဏ်၊ လွိုက်ဘဏ်နဲ့ စကော့တလန်ရွိုင်ရယ်ဘဏ်တို့ရဲ့ ချေးငွေအဆင့်ကို လျှော့ချခဲ့ပါတယ်။ ဖစ်ချ်က အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းခုနှစ်ခုကို စောင့် ကြည့်ရမည့်အဆင့်အဖြစ် သတ်မှတ်ခဲ့ရာ လိုအပ်ပါက အဆင့်လျှော့ ချမည့် သဘောဖြစ်ပါတယ်။ Source:Xinhua